![]() |
ပြီးခဲ့တဲ့ လက ဘဂ္ဂဒက်မှာ ကုန်တိုက် တစ်ခု အတိုက်အခိုက် ခံရလို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး ခဲ့ရပါတယ်။
|
အခုလို ဆောက်လုပ် ရတဲ့ ရည်ရွယ်ချက် က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေရဲ့ ကားဗုံးခွဲတာ အပါအဝင် တခြား နည်းလမ်း ပေါင်းစုံ နဲ့ တိုက်ခိုက် တာတွေကို ကာကွယ် ဟန့်တား နိုင်ဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။
အဲဒီ့ တံတိုင်း ရဲ့ ခြေရင်းမှာ ၆ ပေခွဲ လောက် နက်မယ့် ကတုတ် မြောင်းတွေ လည်း ပတ်ချာလည် တူးဖော် မှာ ဖြစ်တယ် လို့ သတင်း တစ်ပုဒ် က ဆိုပါတယ်။
အခုလို တံတိုင်း ခတ်လိုက် တဲ့ အခါ ဘဂ္ဂဒက် မြို့တော် ထဲ ကို ဝင်ရောက် ရာ နေရာ တွေကို လည်း ကန့်သတ် လိုက် ပြီး ဖြစ် နိုင်သလို ယာဉ် အဝင် အထွက် တွေကို ပိုပြီး ထိန်းချုပ် ရှာဖွေ လာ နိုင်စေမှာ ဖြစ်ပါတယ်။
IS အဖွဲ့ဟာ မြို့တော် ဘဂ္ဂဒက် ကို ပစ်မှတ် ထားပြီး မကြာခဏ ဆိုသလို တိုက်ခိုက် နေတာမှာ ပြီးခဲ့တဲ့ လက ဆိုရင် ကုန်တိုက် တစ်ခု အတိုက်အခိုက် ခံရလို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံး ခဲ့ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment