![]() |
Donald Trump (ဝဲ) နဲ့Ted Cruz ကို တွေ့ရစဉ် (Credit: Reuters) |
Iowa ပြည်နယ်မှာ ပထမဆုံးပြုလုပ်တဲ့ သမ္မတလောင်း caucus ရွေးချယ်ပွဲမှာ Ted Cruz က မဲတွေကို ခိုးတယ်ဆိုပြီး Donald Trump က စွပ်စွဲလိုက်ပါတယ်။
Donald Trump က Iowa မှာ Ted Cruz နိုင်တာမဟုတ်ပဲ တရားမဝင်နည်းနဲ့ ခိုးလို့ အနိုင်ရတာလို့ ပြောပါတယ်။
ပုံမှန်အားဖြင့်တော့ လူဝေဖန်စရာ စကားတွေ ပြောလေ့ရှိတဲ့ Donald Trump ရဲ့ ထိုးနှက်မှုကို Ted Cruz က အဖက်လုပ်ပြီး တုန့်ပြန်တာတွေ လုပ်လေ့မရှိပေမယ့် ဒီတခါမှာတော့ တုန့်ပြန်မှု လုပ်လိုက်ပါတယ်။
Ted Cruz က Donald Trump ဟာ စိတ်မနိုင်တော့တဲ့ လူတစ်ယောက်ဖြစ်တဲ့အကြောင်း စကားကို လျှောက်ပြောနေတဲ့ လူကို နျူကလီးယား လျို့ဝှက်နံပါတ်တွေ၊ အချုပ်အခြာ အားလုံးကို မပေးသင့်ဘူးလို့ Ted Cruz က တွစ်တာမှာ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။
အမေရိကန် သမ္မတဟာ အချုပ်အခြာ အာဏာ အားလုံးကို ရရှိထားသူ ဖြစ်တဲ့အတွက် စစ်ရေးမှာလည်း နျူကလီးယား လက်နက်ရဲ့ လျှို့ဝှက်နံပါတ်တွေကို သိရှိသူဖြစ်ပြီး သမ္မတ အမိန့်အရသာ တိုက်ခိုက်စရာရှိရင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
Donald Trump လို လူမျိုးကို နျူကလီးယား လျို့ဝှက်နံပါတ် အသိပေးမိရင်တော့ စိတ်မထင်တဲ့ တနေ့မှာ ဒိန်းမတ်နိုင်ငံကို တိုက်ခိုက်ရအောင် ဆိုပြီး ဆုံးဖြတ်လာနိုင်တယ်လို့ Ted Cruz က ထိုးနှက်လိုက်ပါတယ်။
Iowa ပြည်နယ် ရွေးချယ်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရီပါပလေကန် နှစ်ဦး ပြိုင်ဘက်ကနေ ထပ်မံ နှုတ်ထွက်ကြတဲ့အတွက် အခုဆိုရင် ရီပါပလေကန် ပါတီအတွက် ဝင်ရောက်အရွေးခံမယ့် သမ္မတလောင်းက ၉ ယောက်သာ ကျန်ရှိပါတယ်။
Rick Sntorum ကတော့ ဒုတိယဘိတ်ဆုံး ရရှိပြီးတဲ့နောက် ဆက်မပြိုင်ဖို့ ဆုံးဖြတ်လိုက်သလို ပဉ္စမနေရာသာ ရရှိ Rand Paul ကလည်း ဆက်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment