စိတ်ဖောက်ပြန်လာတဲ့ ပြင်သစ်စကားပြန်တစ်ဦးက လမ်းတွေ့တဲ့သူအချို့ကို ခဲတံချွန်ခေါက်ဓားနဲ့ လိုက်ခြစ်


စိတ်ရောဂါအခံရှိတဲ့ ၃၆ နှစ်အရွယ် ပြင်သစ်စကားပြန် အမျိုးသမီးတစ်ဦးဟာ စိတ်ဖောက်ပြန်လာပြီး လမ်းမှာတွေ့တဲ့ ဈေးဝယ်လာသူအချို့ကို ခဲတံချွန် ခေါက်ဓားနဲ့ နားထင်တွေ လိုက်ခြစ်တဲ့ ဖြစ်စဉ်တစ်ခု မန္တလေးဈေးချိုနားမှာ မနေ့က ဖြစ်ပွားသွားပါတယ်။ဈေးချိုအနီး ၈၄ လမ်းပေါ် ၂၆ လမ်း နဲ့ ၂၇ လမ်းကြားမှာ ဖြစ်ပွားခဲ့ရာမှာ ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ခဲတံချွန်ခေါက်ဓားနဲ့ လိုက်ခြစ်လို့ ဈေးဝယ်လာသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ နားနဲ့ နားထင်တွေ အသီးသီး ပြတ်ရှဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။


ထိခိုက်ဒဏ်ရာရသူတွေကို မန်္တလေးဆေးရုံကြီးမှာ ပြင်ပလူနာအဖြစ် တင်ပို့ကုသ ရတယ်လို့သိရပြီး ဒဏ်ရာရသူတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ ရဲမှတ်တမ်းကဆိုပါတယ်။စိတ်ဖောက်ပြန်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က ဖြစ်ပြီး၊ ဇန်န၀ါရီ ၂၃ ရက်ကတည်းက မန္တလေးဈေးချိုဟိုတယ်မှာ တည်းခိုနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီအမျိုးသမီးကို ထုံးဘို စိတ်ရောဂါကုဆေးရုံမှာ ပို့ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။အဲဒီအမျိုးသမီးဟာ ၂၀၁၅ ခုနစ်၊ ၁၀ ပိုင်းကလည်း ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှာ ၁ ကြိမ် တက်ရောက်ကုသခဲ့ဖူးကြောင်း သူမရဲ့ မိခင်ဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားထားပါတယ်။

For Info News
https://www.facebook.com/forinfo/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment