လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်အပ်နှံထား သော မိန်းကလေးငယ် (၃)ဦးတို့နှင့် ပတ်သက်၍ အသိပေးဖော်ပြခြင်း



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်အပ်နှံထား
သော မိန်းကလေးငယ် (၃)ဦးတို့နှင့်ပတ်သက်၍ သိရှိပါက လာရောက်ခေါ်
ဆောင်ရန်နှင့် ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းနေ ဒေါ်အေးစန္ဒာဝင်းသည်
၎င်းနေအိမ်ရှေ့တွင် ညလုံးပေါက်ထမင်းဆိုင်အား ဖွင့်လှစ်ရောင်းချနေစဉ်
၃.၂.၂၀၁၆ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ဆိုင်ရှေ့သို့ ကလေးငယ်(၃)ဦး
ရောက်ရှိလာသဖြင့် ၎င်းတို့အားမေးမြန်းရာ မတင်တင်မော်၊ မသဇင်နှင့် မဂျူးဂျူး
တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့၏နေရပ်လိပ်စာများအား တိကျစွာဖြေဆိုနိုင်
ခြင်းမရှိသဖြင့် နေအိမ်၌ခေတ္တခေါ်ထားပြီး ၀၉၀၀ အချိန်တွင် အမှတ်(၇)
ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့သွားရောက် အပ်နှံခဲ့ရာ အုပ်ချုပ်ရေးမှူးမှ
ကလေးငယ်များမှာ မိန်းကလေးများဖြစ်နေပြီး ကလေးပျောက်ဆုံးခြင်း ရှိ/မရှိ
သိရှိနိုင်ရေးအတွက် လှိုင်သာယာမြို့မရဲစခန်း သို့သွားရောက်အပ်နှံရန်ပြော
ကြားသဖြင့် ဒေါ်အေးစန္ဒာဝင်းမှ ၎င်းကလေးငယ်(၃)ဦးအားခေါ်ဆောင်၍
၁၀၃၀ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ပါသည်။

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ ၎င်းမိန်းကလေးငယ်(၃)တို့နှင့်
ပတ်သက်၍ စိစစ်မေးမြန်းရာ မတင်တင်မော်၊ (၈)နှစ်၊ (ဘ)ဦးထွန်းနိုင်၊ (မိ)
ဒေါ်တင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့ တွင်နေထိုင်
ကြောင်း၊ မသဇင်၊ (၈)နှစ်၊ မိဘအမည်မသိ၊ ရန်ကုန်ဘူတာကြီးတွင်နေ
ထိုင်ကြောင်း၊ မဂျူးဂျူး၊ (၉)နှစ်၊ (ဘ)ဦးသန်းဦး၊ (မိ)ဒေါ်ချို၊ နေရပ်လိပ်စာ
မသိတို့ဖြစ်ကြောင်း၊ မတင်တင်မော်သည် နေ့၊ ရက်(မမှတ်မိ) အချိန်မှစတင်၍
မော်ကျွန်းမြို့မှ ရန်ကုန်သို့ သင်္ဘောစီး၍ရောက်ရှိလာကာ ရန်ကုန်မြို့အတွင်း၌
တောင်းရမ်းစားသောက်နေထိုင်စဉ် မသဇင်၊ မဂျူးဂျူးတို့နှင့်တွေ့ရှိပြီး (၃)
ယောက်ပေါင်းကာ လိုက်လံတောင်းရမ်းစားသောက်ခဲ့ကြကြောင်း၊
မသဇင်နှင့် မဂျူးဂျူးတို့တွင် နေထိုင်စရာအိမ်မရှိ၍ မတင်တင်မော်မှ
၎င်းနေထိုင်ရာ မော်ကျွန်းနေအိမ်သို့လိုက်မည်လားဟု မေးမြန်းရာ
လိုက်မည်ဖြစ်ကြောင်းပြောဆိုသဖြင့် (၃)ဦးအတူ မော်ကျွန်းမြို့သို့ပြန်ရန်
အတွက်လွန်ခဲ့သော (၂)ရက်ခန့်ကတည်းက သင်္ဘောဆိပ်အားလိုက်ရှာရင်း
လှိုင်သာယာမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း စိစစ်မေးမြန်းသိရှိခဲ့
ရပါသည်။

အဆိုပါကလေးငယ်(၃)ဦးအနက် မတင်တင်မော်၏ပြောပြချက်အရ
၎င်းနေထိုင်ရာ ဧရာဝတီတိုင်း ဒေသကြီး၊ မော်ကျွန်းမြို့နယ်ရဲတပ်ဖွဲ့သို့
ဆက်သွယ်ကာ မတင်တင်မော်ရောက်ရှိနေမှုနှင့် ၎င်း၏နေရပ်လိပ်စာအား
စုံစမ်းအတည်ပြုလျက်ရှိပြီး ကလေးငယ်(၃)ဦးအား လှိုင်သာယာမြို့မရဲစခန်း
တွင် ခေတ္တ ထိန်းသိမ်းထားရှိပါသည်။

ဖြစ်စဉ်မှ မိန်းကလေးငယ်(၃)ဦးမှာ ဓာတ်ပုံတွင်ဖော်ပြထားသူများဖြစ်ပြီး
ရဲတပ်ဖွဲ့မှစုံစမ်းလျက်ရှိရာတွင် ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ
ရပ်ကွက်များနှင့် အနီးဝန်းကျင်တို့တွင် ကလေးငယ်များ ပျောက်ဆုံးမှုရှိ၊
မရှိနှင့် ၎င်းတို့နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက
အောက်ပါဖုန်းနံပါတ် များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်း
ကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၆၄၅၈၂၄

လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၀၁၅

လှိုင်သာယာမြို့မရဲစခန်း - ၀၁ ၆၄၅၀၁၆

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment