အော်လန်ဒိုဘလွန်းနဲ့ တွဲခုတ်နေပြန်တယ်လို့ သတင်း ထွက်လာတဲ့ ကေတီပယ်ရီ


ပေါ့ပ်အဆိုတော်မလေး ကေတီပယ်ရီ ဟာ အဆိုတော် ဂျွန်မေယာ နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီးတဲ့နောက်မှာ အခြား နာမည်ကြီးတစ်ယောက်နဲ့ တွဲခုတ်နေပြန်တယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ ကေတီပယ်ရီဟာ ဟောလီးဝုဒ်မင်းသား အော်လန်ဒို ဘလွန်း နဲ့ တွဲခုတ်နေတာ ရက်သတ္တပတ် အနည်းငယ် ရှိနေပြီလို့ သိရပါတယ်။ Radar Online သတင်းဌာနက ဖော်ပြထားတာကတော့ သူတို့ကို တစ်ကြိမ်တစ်ခါထက်ပိုပြီး အတူယှဉ်တွဲတွေ့ခဲ့ရပြီးပြီ လို့ရေးသားထားပါတယ်။ 
US Weekly သတင်းဌာနကတော့ ကေတီ နဲ့ အော်လန်ဒို တို့ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ စတင်ရည်ငံ ခဲ့ကြပြီးတဲ့နောက် ပါတီပွဲအချို့ မှာလည်း ထပ်မံတွေ့ဆုံခဲ့ရာကနေ အခုလို ချစ်ကြိုက်သွားကြတာ ဖြစ်တယ် လို့ ဖော်ပြထားပြန်ပါတယ်။ 
သူတို့ ၂ယောက်ဟာပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေတုန်းကလည်း လော့အိန်ဂျလိစ်မြို့ မှာ ပြဇာတ်အတူကြည့်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ထို ပြဇာတ်ပွဲကို အတူတကွ တက်ရောက်ခဲ့ကြတာတော့မဟုတ်ပါဘူး။ သူတို့ ၂ယောက်ရဲ့  သူငယ်ချင်း ၃ ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံမှာလည်း သူတို့ ၂ ယောက်ဟာ ဘေးချင်းယှဉ်ရပ်တော့မဟုတ်ခဲ့ပါဘူး။ 
ကေတီပယ်ရီနဲ့ အော်လန်ဒို ဘလွန်းမ်းတို့ဟာ သူငယ်ချင်းတွေပဲဆိုတာတော့ ဖြစ်နိုင်ချေရှိပါတယ်။ဒါပေမယ့်လည်း သူတို့ဟာ ခဏခဏ အတူတကွ တွေ့နေရတာများလာတဲ့အခါမှာ သတင်းဌာနတွေနဲ့ ပရိတ်သတ်တွေကတော့ သူတို့ ၂ယောက်မှာ လေးနက်တဲ့ ပတ်သက်မှုတွေရှိနေနိုင်တယ်လို့ ခန့်မှန်းပြောဆိုလာကြတာပဲ ဖြစ်ပါတယ်။ 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment