“မန္တလေးဆိပ်ကမ်းနေ ပြည်သူများအတွက် အငှားအိမ်ရာများ မဲနိုက်ချထားပေး၊ အထောက်အထား မပြည့်စုံသဖြင့် ကျန်ရှိနေသူများ ထပ်မံလျှောက်ထားနိုင်”


မန္တလေး (ဧရာဝတီမြစ်) ဆိပ်ကမ်းတလျောက်တွင် ယာယီတဲများဖြင့် နေထိုင်ကြသူများအား မြို့တော်စည်ပင်သာယာမှ အငှားအိမ်ရာတိုက်ခန်းများ နေထိုင်ခွင့်ကို မတ် ၇ ရက်နေ့ နံနက်ပိုင်းက မဲနှိုက်ချထားပေးခဲ့ပြီး မပြည့်စုံသူများနှင့် ကျန်ရှိနေသူများ ထပ်မံလျှောက်ထားနိုင်ကြောင်း မြို့တော်စည်ပင်သာယာ အတွင်းရေးမှူး ဦးခင်မောင်တင့် ကပြောသည်။

"လျှောက်ထားသူတွေထဲမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မပြည့်စုံသူတွေနဲ့ ကျန်နေတဲ့ ဆိပ်ကမ်းတလျှောက် နေထိုင်သူတွေအတွက် အခွင့်အရေးအဖြစ် ထပ်မံ လျှောက်ထားနိုင်ပါတယ်။ အားလုံးကို အငှားအိမ်ရာတိုက်ခန်းချထားပေးပြီးရင် ဆိပ်ကမ်းမှာနေထိုင်ခွင့် မပြုတော့ဘူး"ဟု ၄င်းက ပြောသည်။

အငှားအိမ်ရာများကို မြို့တော်စည်ပင်သယာရေးကော်မတီပိုင် ကမ်းနားလမ်းတလျောက်ရှိ ၁၂ လမ်းနှင့် ၁၄ လမ်းကြားရှိ မြေဧက (၃.၉၁၄) နှင့် ၁၉ လမ်း၊ ၂၁ လမ်းကြားရှိ မြေဧက (၂ ဒသမ ၁၉၆) တို့တွင် ၁၂ ခန်းတွဲ ခြောက်ထပ်ရှိ တိုက်ခန်းပေါင်း (၁၅၈၄) ခန်းကို မြစ်ကမ်းတလျောက် ယာယီတဲများဖြင့် နေထိုင်သူများအား လျှောက်ထားစေပြီး မဲနှိုက်ချထားပေးခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်မတို့ကတော့ ခုလိုပေးတာ ကျေးဇူးတင်တယ်။ ဆိပ်ကမ်းမှာ မလုံမခြုံနဲ့ ၀ါးတဲထိုးပြီး နေရတာထက်စာရင် အရမ်းကောင်းသွားပြီ။ တဲထက်တော့ ကျယ်ပါတယ်။ လျှပ်စစ်မီး/ရေ အပြည့်အစုံရပြီး သုံးစွဲသလောက်တော့ ကိုယ်က ပေးရမှာပေါ့"ဟု လာရောက် မဲနိုက်သူ ဒေါ်ရီက ပြောသည်။

လျှောက်ထားသူများမှ အထောက်အထား ပြည့်စုံသည့် ၁၂၀၆ ဦးတို့အား မဲနိုက်နေရာချထားပေးခဲ့ပြီး ၄င်းတို့သည့် မည်သည့်အထပ်မဆို တလလျင် ကျပ်သုံးသောင်းငှားရမ်းခပေးဆောင်ရမှာ ဖြစ်ကြောင်း၊ သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment