အထူးသဖြင့် ရွှေတိဂုံလို အထင်ကရ ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေး တင်းကြပ်ထားကြောင်း ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။
ကင်းလှည့်မှုတွေ ပိုမိုလုပ်ဆောင်ထားသလို၊ အဝင်အဝတွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေပြီး CCTV ကင်မရာကနေတဆင့် ခါတိုင်းထက် ပုံမှန် ကြည့်ရှု စစ်ဆေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
သင်္ကာမကင်းမှုတွေ တွေ့ခဲ့ရင်လည်း အကြောင်းကြားဖို့ ညွန်ကြားထားပါတယ်။
မကြာသေးခင်တုန်းကပဲ Al-Qaeda ခေါင်းဆောင်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ လှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင် သွားမယ်လို့ ပြောခဲ့ပါတယ်။
Al-Qaeda အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြား ချက်ကို မြန်မာ မွတ်စလင်များ အသင်းက ရှုတ်ချ ထားတဲ့အကြောင်း ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-24/1371719
0 comments:
Post a Comment