ဟောလီးဝုဒ်ရဲ့ အသက်အငယ်ဆုံး စုံတွဲဖြစ်လာတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့သား Brooklyn Beckham နဲ့ မင်းသမီးလေး Chloe Moretz

ဟောလီးဝုဒ် မင်းသမီးလေး Chloe Moretz နဲ့ ကမ္ဘာကျော် ဂန္တ၀င် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း ရဲ့သား Brooklyn Beckham တို့၂ဦးဟာ တနင်္ဂနွေနေ့က Jay-Z ရဲ့ L.A က Made In America ဖျော်ဖြေပွဲကိုအတူတက်ရောက်ခဲ့ကြပါတယ်။ ပိုပြီးစိတ်ဝင်စား စရာဖြစ်စေခဲ့တာကတော့ သူတို့နှစ်ဦးဟာ ဖျော်ဖြေပွဲရဲ့ စင်အနောက်ဘက်(BackStage) မှာ အတူတွဲပြီး လမ်းလျှောက်ခဲ့ တာပဲဖြစ်ပါတယ်။

Kick-Ass ဇာတ်ကားရဲ့ အသက်၁၇နှစ် အရွယ် မင်းသမီး Chloe Mortez နဲ့ အသက် ၁၅ နှစ် အရွယ် Brooklyn Beckham တို့နှစ်ဦးလုံးက တကယ်ချစ်ကြိုက်နေတယ်လို့ ထုတ်ဖော်မပြောသေးပေမယ့် သူတို့နှစ်ဦးရဲ့ အ၀တ်အစားအရောင် လိုက်ဖက်မှုကလည်း ချိန်းတွေ့မှု(date) လုပ်တဲ့ပုံစံမှာ ရှိတယ်လို့ သတိထားမိသူတွေက ဆိုပါတယ်။
ဒီအပတ် အစောပိုင်းကည်း သူတို့နှစ်ဦးဟာ Ed Sheeranရဲ့ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါသေးတယ်။
Ref:dailymail.co.uk
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment