အနုပညာ လောကမှာ အောင်မြင်မှု တစ်ခု လှမ်းခူး ဆွတ်နိုင်ဖို့ ကြိုးစား ခဲ့ပုံနှင့် ပတ်သက်ပြီး ယနေ့ လူငယ်တွေ ကြားမှာ နေရာ တစ်ခု ရလာပြီ ဖြစ်သူ လူငယ် သရုပ်ဆောင် ဆုမြတ်နိုးဦး က ယခုလိုပဲ ပြောပြခဲ့သည်။
တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း
အနုပညာလောကထဲ ဝင်ဖို့ အဆက်အသွယ် မရှိဘဲ အလှမ်း ဝေးတဲ့နေရာကို ဝါသနာ တစ်ခုကြောင့် မိဘတွေဆီက ခွင့် တောင်းပြီး Miss ပြိုင်ပွဲတွေ ကနေ တစ်ဆင့် ဝင်ပြိုင်ပြီး ရောက် လာခဲ့တယ်။ ဒီလမ်းကြောင်းပေါ် ရောက်တဲ့ အခါမှာ နေရာ တစ်ခုရဖို့ အောင်မြင်မှု တစ်ခုရဖို့ ကြိုးစားနေတဲ့ အခါမှာ လူငယ် တစ်ယောက် အနေနဲ့ လွတ်လပ်မှုတွေ အများကြီး ဆုံးရှုံးခဲ့တယ်။ သူငယ်ချင်းတွေ နဲ့ ဆုံတွေ့ချိန်က အရင်လို အချိန် မပေးနိုင်တော့ဘူး။ မိုးလင်း မိုးချုပ် ဒီအလုပ်ပေါ် မှာပဲ ကိုယ့်ဘဝ ကို နှစ် ထားတယ်။ ကိုယ့်ဘဝ အောင်မြင်မှု တစ်ခု လှမ်းခူးဆွတ်နိုင်ဖို့ စွန့်လွှတ် ရတာလည်း ရှိတာပေါ့။ လူငယ်ဖြစ်တဲ့ အတွက် ကြိုးစားခွင့် ရတဲ့အချိန်မှာ ပိုကြိုးစားသင့် တယ်လို့ ယူဆတဲ့ အတွက် မိသားစု ပံ့ပိုးမှု နဲ့ မြတ်နိုး ကြိုးစားခဲ့တယ်။
ပန်းတိုင်ဆီသွားနိုင်ဖို့ ခွန်အား
ဆုမြတ်နိုးဦး ဆိုပြီး နေရာတစ်ခု ရလာတဲ့အခါမှာ ဒီ အောင် မြင်မှု သေးသေးလေး ထဲမှာ မြတ်နိုးက ဘာမှ ပြောင်းလဲ မသွား ဘူး။ ဒီထက် အောင်မြင် ခဲ့ရင်လည်း မြတ်နိုး ဘာ မှပြောင်းလဲ သွားစရာ မရှိပါဘူး။ အရင်တိုင်းပဲ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ ပါးပါးပဲနေတယ်။ ဘာမှလည်း ဖုံးကွယ်၊ ကွယ်ဝှက်ပြီး နေလာ ခဲ့တာ မရှိဘူး။ လိုချင်တဲ့၊ ဝါသနာ ပါတဲ့ အနုပညာကို မြတ်နိုး သင်ယူတယ်။ တစ်ခါတလေ ကျရင် အခက်အခဲ ရှိနေပေမယ့် အဲဒီအခက်အခဲ က မြတ်နိုး လိုချင်တဲ့ ပန်းတိုင်ကို သွားနိုင်ဖို့ ခွန်အား တစ်ခုပဲ ဆိုတာ ယုံတယ်။ သိလာတယ်။
ဝါသနာပါတာကို သေချာဆုံးဖြတ်ပါ
ဒီအနုပညာကို ဝါသနာပါတဲ့ လူငယ်တွေ ကိုယ်လည်း လူငယ်တစ်ဦး ဆိုတော့ ပြောချင်တာက ကိုယ် ဝါသနာပါတာကို သေချာ စဉ်းစား ဆုံးဖြတ်ပါ။ ပြီးမှ အဲဒီ ကိုယ်ရွေးချယ်တဲ့ အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ပါ။ ကိုယ်နဲ့ ထိုက်တန်တဲ့ အောင်မြင်မှု တစ်ခု နေရာ တစ်ခု ရလာမှာပါ။ အောင်မြင်မှု ရလာပြီ ဆိုရင်လည်း ထိန်းသိမ်း တတ်ဖို့ အရေးကြီးတယ်။ အောင်မြင်မှု တိုင်းက ပျော်ရွှင်မှု မပေးနိုင်ပေမယ့် နေတတ် ရင် အရာ အားလုံးဟာ ပျော်ရွှင်စရာတွေပါပဲ။ အခြား အလုပ် ဆိုရင်လည်း ထိုနည်း လည်းကောင်းပါပဲ။ အောင်မြင်မှု၊ နာမည် ကြီးမှုရမှ ပျော်ရွှင်မှု ဆိုတာရတာ မဟုတ်ပါဘူး
Source:Popularmyanmar.com
Source:Popularmyanmar.com
0 comments:
Post a Comment