(ရန်ကုန်၊ စက်တင်ဘာ ၂၂)
”ဆင်ဆာ လွတ်လပ်ခွင့် ရလာတဲ့အခါမှာ ခုချိန် ထိ ဇာတ်လမ်း အထူးအဆန်းတွေ တွေ့လာ ရတယ်”ဟု နေတိုးက ပြောသည်။
”အရင်တုန်းက ရုပ်ရှင် အဖြစ် တင်ပြချင်တဲ့ စိတ်ကူးယဉ် ဆန်တဲ့ ဇာတ်လမ်းမျိုး ဆိုရင် ဆင်ဆာ မရဘူး။ အခုက အရင်က ထက်စာရင် ဆင်ဆာပိုင်း မှာ ထိရောက်မှု ရှိတယ်” ဟု နေတိုး က ပြောသည်။
အနုပညာ လုပ်သက် ၁ဝ စုနှစ်တစ်ခု အကျော် မှာ ဇာတ်လမ်း ကာရိုက်တာအရ ဆင်တူ ယိုးမှားတွေ လည်း ကြုံဖူးခဲ့ကြောင်း ၄င်းထံမှ သိရသည်။
”အခုခေတ် ရုပ်ရှင်ထဲမှာ လူတစ်ယောက် ရဲ့ အတွေးကို လုပ်လာလို့ ရတာတွေရှိတယ်” ဟု နေတိုး က ပြောသည်။
”အခု ဇာတ်လမ်း ဆင်တူယိုးမှား ပြဿနာက အထူးသဖြင့် နိုင်ငံခြား ဇာတ်လမ်းကို မှီငြမ်းတဲ့ ဇာတ်လမ်းတွေ ဆိုရင် မြန်မာမှု ပြန်ပြုတဲ့ အခါမှာ ဇာတ်လမ်း သွားတူ တာ မျိုး တွေ့ရတယ်”ဟု ၄င်းက ပြောသည်။
နေတိုးက လတ်တလောမှာ ချောင်းသာ ၌ ဇာတ်လမ်း ရိုက်ကူးလျက် ရှိသည်ဟု သိရသည်။
ထူးထူး
Source: Popularmyanmar.com
0 comments:
Post a Comment