Huawei ဟာ Honor 6 နဲ့အတူ ကိုရီးယားဈးကွက်ထဲကို လမ်းဖောက်

Huawei ဟာသူ့ရဲ့ထုတ်ကုန် အသစ် Honor 6 နဲ့အတူ  ပြည့်ကျပ်နေတဲ့ တောင်ကိုရီးယား မိုဘိုင်းလ်ဈေးကွက်ထဲကို လမ်းဖောက်ဝင်ရောက်ဖို့ အတွက် မျှော်လင့်နေပါတယ်။ ၈၅ရာခိုင်နှုန်း ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုသာ သုံးစွဲတဲ့ နိုင်ငံခြားဈေးကွက်တစ်ခု ကိုဝင်ရောက်ဖို့ အတွက် ခက်ခဲပေမယ့် ဒါကိုလုပ်ကိုင်ဖို့ Huawei က ပြင်ဆင်နေပါပြီ။
Huawei ရဲ့ ဟန်းဆက်တွေထဲ မှာ ထုထည်အပါးဆုံး နောက်းဆုံးထုတ်ကုန်ဖြစ်တဲ့ Honor 6 ဟာ ကိုရီးယားဈေးကွက်ထဲကို တရားဝင် ဖြန့်ချိနိုင်ဖို့အတွက် ကိုရီးယားရဲ့ LG Unplus Network မှာ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ဒါဟာကိုရီးယား ဈေးကွက်ထဲကို ပထမဆုံးတရားဝင် ဖြန့်ချိမယ့် တရုတ်နိုင်ငံထုတ် တံဆိပ်တစ်ခုဖြစ်လာပါတယ်။
ဒီ ဟန်းဆက်ရဲ့ဈေးနှုန်းကလည်း Samsung နဲ့ LG တို့ရဲ့ အပါးဆုံး ဟန်းဆက်ဈေးနှုန်း တွေရဲ့ ထက်ဝက်သာရှိနေတာက ဈေးကွက်ရဲ့ရောင်းအားကို ၀င်လုနိုင်မယ့်အချက် ပါ။
Ref:cnet.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment