ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၅
ဖေဖေါ်ဝါရီ ၉ ရက်နေ့မှ စ၍ ယနေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော မြန်မာ အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် လားရှိုးမြို့ဘက်စစ်ဘေး ရှောင် လာသည့် သူများစာရင်း ၄၀၀၀ ကျော်ပြီဖြစ်ကြောင်း လားရှိုးမြို့ မန်ဆူကျောင်းထိုင် ဆရာတော် က မိန့်ကြားတော်မူသည်။
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကိုးကန့် အဖွဲ့ခေါင်း ဆောင် ဖုန်ကြားရှင်း ဦးဆောင်သည့် အဖွဲ့ နှင့် အစိုးရတပ်မတော် တို့ အကြားတိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်သို့ လူဦးရေ သောင်းကျော် တိမ်းရှောင် ခဲ့ပြီး လားရှိုးမြို့ဘက်သို့လည်း လေးထောင်ကျော် တိမ်းရှောင် လာခဲ့ကြသည်ဟုဆိုပါသည်။
“အခုကောက်ယူထားတဲ့စာရင်းအရ ၄၀၀၀ ကျော်သွား ပြီ။ နေ့တိုင်းဝင် တယ်။ နေ့တိုင်းထွက်တယ်။ အေးရှားဝေါလ်က ကားတွေ သယ်ယူပို့ ဆောင်ပေး တယ်။ အနယ်နယ်အရပ်ရပ်က ဘဲ။ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန် လဲပါ တယ်။ အများဆုံးက တော့ အောက်ပြည်ကလေ။ နေ့တိုင်း ရာဂ ဏန်း ပြန်တယ် သူတို့နေရပ်ကို ။ ဒီနေ့က ကျောင်းမှာ ရှိနေတာ လေးရာ ကျော်တယ်။ အခု သုံးကျော် အသစ် ထပ်ရောက်လာနေပြီ။ ထပ်လာဖို့ ရှိဦးမယ်ထင်တယ်” - ဟု မန်ဆူ ကျောင်း ဆရာတော် က မိန့်ကြားသည်။
“အောက်ပြည်က လာတဲ့ အလုပ်သမားတွေ ဒီအချိန်က ကြံခုတ်တဲ့အချိန်လေ။ တချို့ လဲ လုပ်အားခ မရသေးဘူး။ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ သူ ဗမာပြည်ကလူ သုံးရာကျော်တယ်။ အခု ဒုက္ခရောက်နေ တာက ဒေသခံ ဗမာစကားမတတ်ဘူး။ တချို့ကလဲ သူပုန်ထင်ခံရပြီး သတ်ခံရတာတွေလဲ ရှိနေတယ်။ သူပုန်အဖွဲ့ ကလဲ အရပ်ဝတ်နဲ့အစိုးရ တပ်ဖွဲ့တွေကို ခဏ ခဏလာပစ်နေတာကော်။ ဖုန်ကြားရှင်းအဖွဲ့က အစိုးရအဖွဲ့ကို ဆိုင်ကယ်နဲ့ ကားနဲ့ ကြုံတဲ့နည်းနဲ့ တိုက်ခိုက်နေတယ်လေ ” - ဟု ချင်းရွှေဟော်ေ ရာက် လောက်ကိုင်ဒေသခံ စိုင်းလျှံလုံက ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့် ဖုန်ကြားရှင်း ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့အား ၂၀၀၉ ခုနှစ်က မြန်မာစစ် အစိုးရ ကအင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။
ဖုန်ကြားရှင်းကိုယ်တိုင်လည်း မွေးရပ်မြေမှထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၆ နှစ်တာကာလအတွင်း အင်အားပြန်လည်စုစည်းကာ အစိုးရ၏ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment