အိမ်သို့ TV ကြည့်ရန် လာရောက်သူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျ င့်သူအား ဖမ်းဆီးအရေးယူထား



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နေ ဒေါ်***(၅၃)နှစ်သည် မင်္ဂလာဆောင်သွားပြီး နေအိမ်သို့ ပြန်ရောက်စဉ် သမီးဖြစ်သူ မ****(၁၄)နှစ်မှာ အိမ်ခန်းအတွင်း တံခါးများပိတ်ကာ တစ်ဦးတည်း နေသဖြင့် မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ဒေါ်*** မင်္ဂလာဆောင်သို့ သွားနေစဉ် မ****မှာ အိမ်နီးချင်းနေ ဦးအိုက်လှိုင် (၅၆)နှစ်၏ နေအိမ်သို့ TV ကြည့်ရန် သွားရောက်ခဲ့ရာ ဦးအိုက်လှိုင်မှ မ****အား နေအိမ်အတွင်း အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောပြသိရ၍ အရေးယူ ပေးရန်တိုင်တန်းသဖြင့် ဦးအိုက်လှိုင်အား နောင်ချိုမြို့မရဲစခန်း(ပ)၂၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment