မြို့လယ်မှာကျောက်မျက်ဈေး မဆောက်ဖို့ မိုးကုတ်မြို့ခံတွေ ဆန္ဒပြ


မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက်မျက်လုပ်ငန်း ရှင်များအသင်းက ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်။ Photo: Hset Paing Toe/ RFA
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ်မှာရှိတဲ့ မုံကွင်းမှာ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း က ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင်ဆင်နေ တာကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

မုံကွင်းဟာ အများပိုင်ဖြစ်ပြီး မိုးကုတ်မြို့ရဲ့သင်္ကေတဖြစ် တာကြောင့် ကျောက်မျက်ဈေးကို အဲ့ဒီကွင်းမှာ မဆောက်ဖို့ ဆန္ဒပြတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြို့ခံ ဦးစိုးမြင့်က ပြောပါတယ်။

"ကျောက်မျက်လုပ်ငန်းရှင်တွေကတော့ ဟိုတယ်တွေ၊ ကျောက်မျက်ဈေးတွေ၊ စားသောက် ဆိုင်တွေ အဲ့ဒီအဆောက်အဦးတွေ ဆောက် မှာဖြစ်တဲ့အတွက် ဒီမြေနေရအပေါ်မှာမဆောက်ဖို့ ကန့်ကွက်ဆန္ဒပြမှာဖြစ်ပါတယ်၊ လူနဲ့သက်ဆိုင်တဲ့ ပါ့ပလစ်ဧရိယာဆိုတာ ဒီတစ်ကွင်းပဲရှိတယ်၊ မိုးကုတ်မြို့ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တယ်၊ မုံကွင်းကြီးနဲ့ ချမ်းသာကြီးဘုရားနဲ့ မိုးကုတ်မြို့ ဆိုတာ နိုင်ငံလိုက် ကမ္ဘာလိုက်သိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်၊ ဒါကြီးတစ်ခုပျောက်ကွယ်သွားမှာလည်း စိုးရိမ်ပါတယ်၊ ကွင်းပျောက်သွားရင် ဘယ်သူမှအစာထိုးလို့မရနိုင်တော့တဲ့ ကွင်းတစ်ကွင်းပါ"

ဆန္ဒပြသူတွေက ကျောက်မျက်ဈေး ဆောက်လုပ်နေတာကို ရပ်တန့်ပေးဖို့အတွက် သပိတ်စခန်း ဖွင့်သွားမယ် လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

၁၃ ဧက အကျယ်ရှိတဲ့ မုံကွင်းထဲမှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ကျောက်မျက်အသင်းရုံး၊ ဟိုတယ်၊ စားသောက်ဆိုင်တန်းနဲ့ ကျောက်မျက်ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မြို့ခံ တစ်ထောင်ကျော်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/moegok-residents-protest-against-new-jade-market-construction-project-02212015114850.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment