ကြက်ခြေနီအလံလွှင့်ထူထားသောယာဉ်အား သောင်းကျန်းသူများ ပစ်ခတ်တိုက်ခိုက်


ဓာတ်ပုံ- ရဲမိုး / Facebook
နေပြည်တော် ဖေဖော်ဝါရီ ၂၁

ယနေ့မွန်းလွဲ ၁ နာရီအချိန် လောက်ကိုင်မှ ကွမ်းလုံသို့ထွက်ခွာ လာသည့် သတင်းထောက်များနှင့် စစ်ဘေးရှောင် အင်အား (၁၅)ဦး စီးနင်းလိုက်ပါလာသော ကြက်ခြေနီ အလံလွှင့်ထူထားသည့် ယာဉ်သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် လုံထန်ကျေးရွာအကျော် ၃ မိုင် ခန့်အကွာရှိ တံတားအနီးသို့ ရောက်ရှိစဉ် ကားလမ်း၏ ဘယ် ဘက်နှင့်ညာဘက်တောင်ကုန်းများမှ အသင့် စောင့်ဆိုင်းလျက်ရှိသည့် ကိုးကန့်(တိမ်းရှောင်)သောင်းကျန်း သူအဖွဲ့များမှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်တွင်ပါရှိသည့် ဦးကျော်ဇော ထူး(၄၇နှစ်) (ဘ)ဦးသိန်းကြွယ် ဒုဦးစီးမှူး (လောက်ကိုင်ခရိုင် ကြက် ခြေနီအသင်း)၊ မောင်မြတ်သီဟ မောင်(၂၂နှစ်) (ဘ)ဦးမောင်မောင်၊MRTV-4(အင်းစိန်မြို့နယ် ရန်ကုန်)၊ မောင်ဆန်းလင်းဦး (၂၃နှစ်) (ဘ)ဦးဝေလ(ဆင်ပေါင်ဝဲမြို့နယ်၊ ရှင် မတောင်ရွာ၊ မကွေးတိုင်းဒေသကြီး)၊ မောင်ရန်ရှင်းမျိုးလတ်(၂၆နှစ်) (ဘ) ဒုအရာခံဗိုလ် ကျင်မောင်(ဒေသကွပ် ကဲမှု စစ်ဌာနချုပ်၊ လောက်ကိုင်)၊ မစန္ဒာဝင်း(၂၈နှစ်) (ဘ) ဦးဖိုးထူး (ရှင်မတောင်ကျေးရွာ၊ ဆင်ပေါင်ဝဲ မြို့နယ်၊ မကွေးတိုင်းဒေသကြီး)တို့ ဒဏ်ရာအသီးသီး (မစိုးရိမ်ရ)ရရှိခဲ့ ကြသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာနေရာ သို့ ချင်းရွှေဟော်မြို့ရှိ တပ်မတော် စစ်ကြောင်းများမှ သွားရောက် ရှင်းလင်းပြီး ဒဏ်ရာရလူနာများ အား ကွမ်းလုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ည ၁ဝ နာရီ အချိန် ဆေးရုံသို့ရောက်ရှိပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment