ခရီးသွား လုပ်ငန်းကြောင့် ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး စသည့် နေရာများတွင် ပတ်ဝန်းကျင်နှင့် လူမှုဘဝများအတွက် အခက်ကြုံ

ပည်တွင်း ပြည်ပ ခရီးသွားများ အများဆုံးသွားရောက်သည့် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူများကို တွေ့ရစဉ်။ ခရီးသွား တိုးတက်လာသော်လည်း ဖြည့်ဆည်းရန် လိုအပ်သည့် အခြေခံအဆောက်အအုံ အများအပြား ရှိနေသည်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ခရီးသွား လုပ်ငန်းကြောင့် ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး စသည့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဘဝများအပေါ် ဖိအားများ ကျရောက်နေသည်ဟု မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဖေဖော်ဝါရီ ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဌာနမှ မြန်မာ့ ခရီးသွားလုပ်ငန်း ကဏ္ဍ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်နေသော ဖြစ်ပေါ်လာနိုင်မည့် သက်ရောက်မှု အခြေအနေများကိုလည်း အကြံပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး စသည့် နေရာဒေသများကို ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည် ပတ်မှုများပြားလျက်ရှိရာ ဒေသတွင်း နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် အဆိုပါနေရာများ၏ ရေရှည်တည်မြဲမှု အခြေအနေများအပေါ် အခက်အခဲများ ကြုံတွေ့လာရခြင်း ဖြစ်သည်။
ခရီးသွားများ တိုးတက်များပြားလာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တွန်းအား ဖြစ်စေသော်လည်း ခရီးသည်များ အများအပြားသွားရောက်ရာ နေရာဒေသများကို စနစ်ကျသည့် စီမံခန့်ခွဲ မှုစီမံကိန်းများ လိုအပ်နေခြင်းဖြစ်သည်။
ခရီးသွားများ လာရောက်သည့်နေရာ ဒေသများကို ထပ်မံ၍ ဈေးကွက်ရရှိရေး မဆောင်ရွက်မီ အဆိုပါဒေသများမှ လက်ခံနိုင်သည့် စွမ်းရည်အနေအထားကို ဖြေရှင်းရန် လိုအပ်နေပြီး ခရီးသွားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက အစိုးရသို့ အကြံပြုထားသည်။
နိုင်ငံခြားသားခရီးသွားအရေအတွက် အများအပြားဝင်ရောက်လာခြင်းသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအ မွေအနှစ်များအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ပြီး လာရောက်သည့် ခရီးသည်များသည်လည်း နယ်မြေ ဒေသအလိုက် ဓလေ့ထုံတမ်းအစဉ်အလာ၊ ဝတ်စားဆင်ယင်မှုတို့ကို လေးစားရန် လိုအပ်သည်ဟု အစီရင် ခံစာ၌ ဖော်ပြထားသည်
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အရေးပါသောနေရာတွင် ရောက်ရှိနေပြီး ၂ဝ၁၃ ခုနှစ်တွင် ပြည်ပခရီးသွား နှစ်သန်းရှိရာမှ ၂ဝ၁၄ ခုနှစ်တွင် ခရီးသွားသုံးသန်းကျော် တိုးမြင့်လာလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံအနေအထားသည် ပြည်ပ ခရီးသွားအများအပြားကို လက်ခံနိုင်သည့်အခြေ အနေများမရှိသေးဟု သုံးသပ်ထားသည်။
ခရီးသွား အရေအတွက်များပြားစေရန် ဆွဲဆောင်သော မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတို့ကို ထိခိုက်ပျက် ပြားစေနိုင်သောကြောင့် ခရီးသွား အရေအတွက်ကို အာရုံစိုက်မည့်အစား ခရီးသွားကဏ္ဍ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖွံ့ဖြိုးရေးကို ဆင်ခြင်ဆောင် ရွက်ရန်လိုအပ်သည်ဟု အကြံပြုထားသည်။
အဆိုပါ အစီရင်ခံစာကို ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ တောင်ကြီး၊ မော်လမြိုင် စသည့် နေရာများတွင် ကွင်းဆင်းသုတေသန ပြုလုပ်ကာ မြန်မာ့ ခရီးသွားလုပ်ငန်းကဏ္ဍ ၏သက်ရောက်မှုများကို လေ့လာသုံးသပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Source:http://www.mizzimaburmese.com/component/k2/item/39461-2015-02-21-10-07-13
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment