တနင်္သာရီတိုင်း ကျွန်းအုပ်စုငါးနေရာရှိ ဇီဝဇိုးငှက်သိုက်များ စုစည်းထုတ်ယူနိုင်ခွင့်ပြုရန် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူ

တနင်္သာရီတိုင်း မြိတ်မြို့နယ်ရှိ ကျွန်းစုတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - discoverydmc.com) အဖိုးတန်ငှက်သိုက်ကဲ့သို့ သဘာဝသယံဇာတများ ထုတ်လုပ်မှုအပေါ် နိုင်ငံတော်က အခွန်ငွေစနစ်တကျရရှိနိုင်ရေးအတွက် ယခုကဲ့သို့ တင်ဒါခေါ်ယူဆောင်ရွက်ခြင်းဖြစ်သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်းအတွင်းရှိ ဇီဝဇိုးငှက် သိုက်များထွက်ရှိသည့် ကျွန်းအုပ်စု ငါးနေရာ၌ ငှက်သိုက်ထုတ်ယူနိုင် ခွင့်ရရှိရန် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ဈေးပြိုင် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ရှိန်က မဇ္ဈိမကို ပြောကြားလိုက်သည်။
၎င်းငှက်သိုက်များသည် တနင်္သာရီဒေသ မြန်မာ့ရေပိုင်နက်အတွင်းရှိ ကျွန်းများပေါ်တွင် သဘာဝအလျောက် နေထိုင်သည့် ဇီဝဇိုးငှက်များမှ တစ်ဆင့် ရရှိခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သဘာဝသယံဇာတများ ထုတ်ယူရာတွင် နိုင်ငံတော်က အခွန်ငွေစနစ် တကျရရှိနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂ဝ ရက်၌ ပြောခြင်းဖြစ်သည်။
ရုံးအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်ရှိန်က ''အခုခေါ်တဲ့တင်ဒါက လုပ်ငန်းရှင် တစ်ဦးတည်းအနေနဲ့ ငှက်သိုက် ထုတ်ယူနိုင်တဲ့ စနစ်နဲ့ပေးသွားမှာပါ။ တစ်ဘက်မှာ အဲဒီလိုမပေးရင် ဒေသခံတွေ ထုတ်ယူတာကြောင့် အခွန်နစ်နာတာတွေကြောင့်လည်း အခုလို တရားဝင်ပေးတာလည်း ဖြစ်ပါတယ်'' ဟု ပြောသည်။
သဘာဝငှက်သိုက်များကို ထုတ်ယူပိုင်ခွင့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံမြို့နယ်မှ မော်စကိုကျွန်း အုပ်စု၊ ကျွန်းစုမြို့နယ်မှ ရေအေးကျွန်းအုပ်စု၊ ကော့သောင်းမြို့နယ်မှ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုနှင့် ပုလောမြို့မှ မလိကျွန်းအုပ်စု စသည့်ကျွန်းအုပ်စုလေးစုကို အသီးသီးတင်ဒါခေါ်ယူခဲ့ ခြင်းလည်းဖြစ်သည်။
လတ်တလောတွင် ပင်လယ်ကျွန်းများရှိ ဇီဝဇိုးငှက်သိုက်များကို ဒေသခံအချို့က စားဝတ်နေရေး လုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင် ထုတ်ယူနေသည်ဟု တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ဒေသခံတစ်ဦးကပြောသည် ။
ဆက်လက်၍ ဦးကျော်ရှိန်က ''ကျွန်းအုပ်စု တစ်ခုချင်းအတွက် ဈေးအများဆုံးပေးနိုင်တဲ့သူကိုပဲ ထုတ်ယူခွင့် ပြုသွားမှာပါ။ ကျွန်းတစ်ခုချင်းစီအလိုက် အများဆုံးပေးနိုင်လို့ ကျွန်းအုပ်စုအားလုံးကို တစ်ယောက်တည်းက ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။
ထိုကဲ့သို့ တင်ဒါခေါ်ယူရာတွင် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးထားရောင်းချပေးသွား မည်ဖြစ်ပြီး တင်ဒါရောင်းချခြင်းကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆောင်ရွက်သွားမည်ဟုလည်း ဆက်လက် ပြောသည်။ သို့ရာတွင် လျှောက်လွှာတစ် စောင်၏နှုန်းထားကို ကျပ်ငွေငါးသောင်းဖြင့် အရောင်းဈေး သတ် မှတ်ထားသည်။
ဦးကျော်ရှိန်က ''တင်ဒါက အိတ်ဖွင့် တင်ဒါအဖြစ်နဲ့ ခေါ်တာဖြစ်ပေမယ့် တင်ဒါကြမ်းခင်းဈေးနှုန်းနဲ့ ပတ်သက်လို့တော့ ဌာနလျှို့ဝှက်ချက်ဖြစ်နေလို့ ထုတ်ဖော်ဖို့ အခက်အခဲရှိပါတယ်''ဟု ဆိုသည်။
ယခင်က တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်သိုက် ထုတ်ယူခြင်းကို သဘာဝအလျောက် ရယူခြင်းသာရှိခဲ့ သည်။ ၂ဝဝ၅ ခုနှစ်နောက်ပိုင်းတွင် ဇီဝဇိုးငှက်များ၏ အသံကိုဖမ်းယူကာ ပြန်လည်ထုတ်လွှင့်သည့် စနစ်ဖြင့် (ငှက်ခေါ်စက်) ဇီဝဇိုးငှက် မွေးမြူမှုများလည်းရှိ လာသည်ဟု ထားဝယ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
Source:http://www.mizzimaburmese.com/component/k2/item/39460-2015-02-21-09-42-42
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment