စီးပွားရေးလုပ်ဖြစ်နေတော့ အနုပညာဘက် ဝေးသွားတာပါလို့ဆိုတဲ့ သက်သခင်


သက်သခင်က လတ်တလောမှာ အနုပညာအလုပ်ထက် စီးပွားရေး အလုပ်ဘက်ကို ပိုလုပ်ဖြစ်နေပြီး ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းရှိ ဘလုပ် ညွှန့်အေးရွာ မီးဘေးဒုက္ခသည်များကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ရာမှာလည်း လိုက်ပါ ကုသိုလ်ယူခဲ့ပါတယ်။ မီးဘေးအန္တရာယ်ကို ကြိုတင် သတိထားသင့်ပုံနဲ့ ပတ်သက်ပြီး သက်သခင်က ခုလိုပဲ ပြောပြခဲ့ပါတယ်။ “စစ်ဘေးဒုက္ခ သည် လည်းရှိတယ်ဆိုတော့ သက်သခင်တို့ အများကြီးလှူချင်ပေမယ့် နေရာက နှစ်နေရာဆိုတော့ ခွဲပြီးတော့လှူရတယ်။ ဒုက္ခတွေကြားက အပြုံးနဲ့ နှုတ် ဆက်ကြတာကိုတော့ ပီတိဖြစ်မိတယ်။ သူတို့ကိုကြည့်ပြီးတော့ အခက်အခဲကြားက ပြုံးနိုင်တာဟာ အောင်နိုင်ခြင်းတစ်ခုပေါ့။ သူတို့ရင် ထဲက ခံစားချက်တွေ ဘယ်လောက် ပူလောင်နေမလဲသိပါတယ်။ ကိုယ် ချင်းလည်း စာပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ဆက်မ လုပ်ဘဲ စီးပွားရေးပဲ လုပ် ဖြစ်မှာလားလို့ မေးကြည့်တော့ သက် သခင်က “အနုပညာအလုပ်ကို မလုပ်တော့ဘူးတော့ မဟုတ်ပါဘူး။ စီးပွားရေး အလုပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားနေတာကြောင့် အခု အစ်မနဲ့ပေါင်းပြီးတော့ အွန်လိုင်းရှော့ပင်းလုပ်ဖြစ်သွားတာပါ။ အဲဒါကြောင့် အနုပညာဘက်မှာ မလုပ်ဖြစ်တာပါ။ ဒီကြားထဲမှာ နေ မကောင်းတာလည်းပါတော့ အနုပညာအလုပ်လည်း ခဏလေးဝေး သွား တယ်” လို့ပြောပြခဲ့ပါ တယ်။ သက်သခင်က စီးပွားရေးအလုပ်နဲ့ အွန်လိုင်း ရှော့ပင်းဖြစ်တဲ့ Little Dress Box-Myanmar Online Shop ကို အဓိကထားလုပ်တာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ “အခုအွန်လိုင်းလုပ် ငန်းကအမျိုးသား၊ အမျိုး သမီးအတွက် ခေါင်းအစခြေအဆုံးအလှအပ အဝတ်အစားနဲ့ပတ်သက်တဲ့ ပစ္စည်းများကို ရောင်းချပေးနေပါတယ်။ လူတိုင်းသုံးနိုင်အောင် ဈေးနှုန်းကို မတရားမတင်ထားဘူး။ လောလော ဆယ် ဒီတစ်ခုပဲ လုပ်သေးတယ်။ မိဘစီးပွားရေးလည်းရှိသေးတယ်လေ။ အခုအွန်လိုင်းလုပ်ငန်းလုပ်တာကလည်း ဆိုင်ဖွင့်တာလောက်အလုပ် မရှုပ် ဘူး။ ဒီလုပ်ငန်းအပြင် တခြား လုပ်ငန်းလည်းလုပ်ဖို့ ရှိတယ်။ အချိန်တော့ ယူရဦးမယ်” လို့ လက်ရှိလုပ်ဖြစ်နေတဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး သက် သခင်က ပြောပြ ခဲ့ပါတယ်။ အဆိုပါLittle Dress Box-Myanmar Online Shopအနေနဲ့ စင်ကာပူအမေရိကန်ပစ္စည်းများကိုအဓိက တင်သွင်းရောင်းချတယ်လို့သိရပါတယ်။
ဓာတ်ပုံ-Aroma(Zulu Studio)
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment