တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် မောင်ငယ်၊ ညီမငယ်တွေကို အတွေ့အကြုံတွေနဲ့အားပေးစကားပြောကြားပေးနေကြတဲ့ အလှမယ်များ


မကြာမီတက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မြန်မာ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေ ဖြေဆိုကြရတော့မှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင် တန်း စာမေးပွဲကလည်း ဘဝအတွက် တစ်စိတ် တစ်ပိုင်းအရေးပါတဲ့စာမေးပွဲမို့လို့ဖြေဆိုရမှာဖြစ် ပါတယ်။ဒီစာမေးပွဲကရရှိတဲ့အမှတ်တွေနဲ့ ကိုယ် ဝါသနာပါတဲ့ တက္ကသိုလ်ကို တက်လှမ်းခွင့်ရမှာ ဖြစ်လို့ ကျောင်းသား၊ ကျောင်းသူတွေ အရေး ကြီးတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် မြန်မာ့ဂုဏ်ဆောင် စံပြအလှမယ်တွေကလည်း တက္ကသိုလ် ဝင်တန်းကျောင်းသား၊ကျောင်းသူတွေကိုသူတို့ရဲ့အတွေ့ အကြုံတွေပြောပြရင်း စိတ်ခွန်အားဖြည့်ပေးကြတာကိုလည်း ကြည်နူးစွာတွေ့မြင်ရပါတယ်။ တွံတေးမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ကျောင်းသူတွေကိုအားပေးစကားပြောခဲ့သူ အလှမယ်ဝိုင်းလေးက
” ၁ဝ တန်းတုန်းကဝိုင်းက ဂုဏ်ထူး ၄ ဘာသာထွက်ခဲ့တယ်။ ကလေးတွေကို အားကျအောင်လို့ စာဘယ်လိုကျက်သင့်တယ်၊ ဆယ်တန်းဖြေပြီးရင်လည်း ဘာတွေ လုပ်သင့် တယ်ဆိုတာ သွားပြောပြတာပါ။ ကြိုးစားရင်ကြိုးစား သလို ရနိုင်ပါတယ်။ ဆယ်တန်းဆိုတာတကယ် တော့အောင်ဖို့လွယ်ပါတယ်။ အောင်မှတ်က သူ့ ဟာနဲ့သူရှိပြီး သားပါ။ အခုပညာရေးစနစ်က လည်း ကိုယ်တွေဘက်ပါလာပြီဆိုတော့ ကလေး တွေကြိုက်တာ ရွေးချယ်နိုင်တယ်။သူတို့ကြိုးစား ချင်စိတ်ရှိအောင် ပြောပြခဲ့တယ်။ ဝိုင်းတုန်းက ဂုဏ်ထူး ၂ ဘာသာပဲမှန်းတာ။ တကယ်တမ်း အောင်စာရင်းထွက်လာတော့ ဂုဏ်ထူး၎ဘာသာ ပါတယ်။ ဘာဖြစ်လို့ရလဲဆိုတော့ ကိုယ်တကယ် ကြိုးစားခဲ့လို့ ရတာဆို တာ ကို ပြောပြခဲ့ပါတယ်” လို့အားပေးစကားတွေပြောဖြစ်ခဲ့တဲ့အကြောင်းကို ဝိုင်းလေးကပြောပါတယ်။
တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတွေနဲ့ အသက် အရွယ်မတိမ်းမယိမ်းပဲရှိသေးတဲ့ အလှမယ်မေမြတ်နိုးကလည်း သူငယ်ချင်းတွေကို အားပေးစကားဆိုရသလိုပဲ အားပေးခဲ့ကြောင်းကို ” မြတ်နိုးနဲ့ အသက်ချင်းလည်းသိပ်မကွာဘူး။တစ်နှစ်၊ နှစ်နှစ်ပဲ ကွာတယ်ဆိုတော့ သူတို့ဒီအချိန်မှာ ဘယ်လိုခံစားနေရလဲဆို တာနားလည် တယ်။ မြ တ်နိုးလည်း ဘယ်လိုကျော်ဖြတ်ခဲ့သလဲ၊စာမေးပွဲ ဖြေရင်ဘယ်လိုဖြေသင့်တယ်၊ စိတ်ဖိစီးမှု တွေ ဘယ်လိုဖယ်ရလဲဆိုတာတွေကိုပြောပြခဲ့ပါတယ်” လို့ပြောပါတယ်။
ထို့အတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲက ကိုယ်ဘယ်သူပါဆိုတဲ့ပုံရိပ်ကို သတ်မှတ်ဆုံးဖြတ်ပေးတဲ့စာမေးပွဲပဲလို့ဆိုတဲ့ အလှမယ်ဂုဏ်ရည်အေးကျော်က ” တစ်ချိန်မှာ ကိုယ့်ကိုယ် ကိုယ်ဦးဘယ်သူ၊ဒေါ်ဘယ်သူအနေနဲ့ မြင်ယောင်ချင်လဲ၊ပတ်ဝန်းကျင်ကကိုယ်ကို ဘယ်လို ပြုမူ ဆက်ဆံတာကိုကြိုက်လဲ၊အနာဂတ်မှာဖြစ် လာမယ့် ဆရာဝန်ကြီး၊ အင် ဂျင်နီယာ ကြီး၊ စီးပွာရေးလုပ်ငန်းရှင် ကြီးတွေဘေးဖယ်လို့ အောင် စာရင်းထွက်ရင်ပဲ စကြုံရပါပြီ။ ဘယ်သူက D ဘယ်နှခု၊ ဘယ်သူက ရိုးရိုးအောင်၊ ဘယ်သူကတော့ D ဆို တာတွေကြားမှာ ကိုယ်ကကိုယ့်ဘဝရဲ့ပထမဆုံးစာမျက်နှာအဖွင့်မှာ ဒီဆယ်တန်းဆိုတဲ့အတားအဆီးကြီးကို ဘယ်လိုအနိုင်ယူ ပြမှာလဲ ” လို့သူ့ရဲ့ဖေ့စ်ဘုတ်မှာအားပေး စ ကားဆိုထားပါတယ်။အခုလိုအလှမယ်တွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် စိတ်စေတနာအမှန်နဲ့လမ်းညွှန်ပေးကြတာမို့ ကြည်နူးစရာကောင်းလှပါတယ်။
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment