စက္ကူစက်ရုံ ကုန်ကြမ်းဂိုဒေါင် မီးလောင်မှုဖြစ်ပွား၊ နံနက် ၆ နာရီခွဲခန့် က မီးလောင်မှု ညနေ ၃ နာရီမှ မီးငြိမ်း


ရန်ကုန် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန် (၁) ဦးရွှေပွင့်လမ်းရှိ နီလာ စက္ကူစက်ရုံတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားသည်။

အဆိုပါမီးလောင်မှုသည် စက္ကူစက်ရုံတွင် သိုလှောင် ထားသောကုန်ကြမ်းပစ္စည်းများဖြစ်သည့် ကောက်ရိုးထုံး များမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပေ။

မီးလောင်မှုဖြစ်ရာသို့ အောက်မြန်မာပြည်မီးသတ် ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးသော်တာနှင့်အဖွဲ့ က ကြီးကြပ်၍ မီးငြှိမ်းသတ်ခဲ့သည်။

မီးသတ်ယာဉ် ၁၄ စီး၊ အကူရေပို့ယာဉ် ခြောက်စီး ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထား သည့်အတွက် အတွင်းမှလှိုက်၍ လောင်လျက်ရှိရာ သိုလှောင်ရုံဝင်ပေါက်မှ မီးသတ်ယာဉ်မှမီးသတ်ပိုက်ထိုး၍ လည်းကောင်း၊ သိုလှောင်ရုံအဆောက်အအုံလေဝင် ပေါက်များမှလည်းကောင်း၊ မီးသတ်ရေပိုက်ထိုး၍ ခက်ခဲ စွာ ငြှိမ်းသတ်ရသည့်အတွက် မီးသတ်ရဲဘော်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၃ နာရီတွင် မီးငြိမ်း သွားကြောင်း သိရသည်။

အဆိုပါနီလာစက္ကူစက်ရုံ၏ပိုင်ရှင်မှာ ဦးတင်မြင့်နီဖြစ် ကြောင်းနှင့် တာဝန်ခံမှာဦးကျော်ဇင်ဟိန်းဖြစ်ပြီး သက် ဆိုင်ရာမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment