ကျိုင်းတုံမြို့တွင် ၀မ်းဗိုက်ချင်းဆက် အမွှာညီအစ်ကိုနှစ်ဦးကို အောင်မြင်စွာဖြင့် ဓမ္မတာအတိုင်း မွေးဖွား

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့တွင် ၀မ်းဗိုက်ချင်းဆက်အမွှာကို ဓမ္မတာအတိုင်း အောင်မြင်စွာဖြင့် ၂၀၁၅ မတ်လ(၇)ရက် နံနက်(၆း၄၉)နာရီအချိန်က မွေးဖွားခဲ့ပြီး မိခင်နှင့် ကလေးပါ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။


"မွေးခါနီးမှ ရောက်လာတာလည်းဖြစ်သလို၊ သားအိမ်ခေါင်းပွင့်မှ ရောက်လာတာဆိုတော့၊ ကလေးကလည်း သေးတော့ ရုတ်တရက် ရိုးရိုးပဲ မွေးလိုက်ရပါတယ်၊  ကလေးအခြေအနေကတော့ မနေ့ကထက် စာရင် ဒီနေ့တော့ အခြေအနေ ကောင်းပါတယ်...."ဟု သမားတော် ဒေါက်တာရဲကျော်စီက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


"ကလေးက အမွှာပူးဆိုတာတော့ သိပြီးသားဖြစ်ပေမဲ့ မွေးလာတော့ ၀မ်းဗိုက်ချင်းဆက်ဖြစ်နေတယ်၊ ဗိုက်ချင်းဆက်တဲ့ အတိုင်းအတာက တစ်လက်မခွဲလောက်တော့ရှိတယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။


ကျိုင်းတုံဆေးရုံကြီးတွင် ယောက်ျားလေး ၀မ်းဗိုက်ချင်းဆက် အမွှာ(၂)ဦးကို မွေးဖွားခဲ့သည့် မိဘများမှာ ကျိုင်းတုံမြို့နယ် မိုင်းလပ်အုပ်စု၊ ၀မ်ဟုတ်ကျေးရွာ၌ နေထိုင်သည့် ဦးစိုင်းဆောင် နှင့် ဒေါ်နန်းခမ်းနွန်းတို့ ဖြစ်ပြီး ကလေး၏ မိခင်မှာ အသက်(၁၈)နှစ်သာရှိကြောင်း သိရသည်။

ဓါတ်ပုံ။  ။ သမားတော် ဒေါက်တာရဲကျော်စီ
 Tachileik Online News ( www.tachileik.net  ) 

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment