အို့အို့ ဟု ကြွေးကြော် ဆန္ဒပြသူများ ကို ပုဒ်မ(၁၉)ဖြင့် အမှုဖွင့်




နိုင်ငံတော် အကြီးအကဲများကို အို့အို့ဟု ကြွေးကြော်သံများကို အသုံးမပြုရန် စစ်အာဏာရှင်ဟူသော စကားရပ်ကို သုံးစွဲခဲ့သည့်အတွက် ဆန္ဒပြခဲ့သူ ခေါင်းဆောင် နှစ်ဦးကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မရဲစခန်းက (ပ)၂၀၅/၂၀၁၅ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်မြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက်တိုက်ပွဲဝင်ရင်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုအား ကန့်ကွက်ရှုတ်ချခြင်းနှင့် သုံးစားမရသော အစိုးရ နုတ်ထွက်ပေးရေး အတွက် ရည်ရွယ်၍ မတ်လ (၁၉)ရက်နေ့တွင်စာတင်ပြီး (၂၁)ရက်နေ့ ညနေ(၄း၀၀)အချိန်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုသို့ဆန္ဒထုတ်ဖော်မှုတွင် နိုင်ငံတော် အကြီးအကဲများကို အို့အို့ဟု ကြွေးကြော်သံများကို အသုံးမပြုရန် နှင့် စစ်အာဏာရှင်ဟူသောစကားရပ်ကို မသုံးစွဲရန် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင်ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည်။ မတ်လ ၂၁ ရက်နေ့က ဗိုလ်ချုပ်ကျောက်ရုပ်တွင် “သိန်းစိန် သိန်းစိန် အို့ အို့” “ဥာဏ်ဝင်း ဥာဏ်ဝင်း အို့အို့ ” “သက်ထွန်း သက်ထွန်း အို့အို့” “၀င်းစိန် ၀င်းစိန်အို့အို့”စသည့်ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့သဖြင့် ရဲတပ်ဖွဲ့က ၄င်းကြွေးကြော်သံကို မကြွေးကြော်ရံတားမြစ်ခဲ့သည်။

ထိုသို့ရဲတပ်ဖွဲ့က ကြွေးကြော်ဆန္ဒပြမှု ကိုလည်း သွားရောက်တားမြစ်ခဲ့သော်လည်း ဆန္ဒပြပွဲကို ဆက်လက် ပြုလုပ်ခဲ့သည့် အတွက် ခွင့်ပြုမိန့် လျှောက်ထားရာတွင် ခွင့်မပြုသော ကြွေးကြော်သံများ ပါသဖြင့် ကိုဝင်းလှိုင် ၊ ကိုကျော်ဆွေတို့နှစ်ဦး ကို အမှုဖွင့်ရခြင်း ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့တွင် အမှုဖွင့်ခံရသူနှစ်ဦးကို ပြည်မြို့မရဲစခန်းက ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးလိုက်ပြီ ဖြစ်ကြောင်းလဲ သိရသည်။

သတင်းနှင့် ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment