တပ်မတော်သားအမတ်များကို ပြည်သူလူထု လက်ခံနေဟု ကာချုပ်ပြောကြား


တပ်မတော်သား လွှတ်တော်အမတ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးနေပြီး လွှတ်တော်အတွင်းနဲ့  ပြည်သူလူထုကလည်း လက်ခံလျက်ရှိ တယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့တဲ့  ဗြိတိသျှ စစ်မှုထမ်းဟောင်း များအဖွဲ့ ဥက္ကဋ္ဌ မြို့စား မစ္စတာစလင်းမ်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် လွှတ်တော်တွင်း လေးပုံတစ်ပုံ နေရာယူထားတဲ့  တပ်မတော်သား အမတ်တွေ ကိစ္စ ကာကွယ်ရေး ဦးစီးချပ်က ထည့်သွင်း ပြောကြား ခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်၍ ပြည်သူများအတွက် လိုအပ်ချက်များ၊ ပြင်သင့်ပြင်ထိုက် သည်များကို မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ အကြံပြု ဆွေးနွေးလျက်ရှိ၍ လွှတ်တော်အတွင်းနှင့် ပြည်သူလူထုကလည်း လက်ခံလျက်ရှိကြောင်း၊ တပ်မတော်သားများက ဖြစ်သင့်သည်၊ မဖြစ်သင့်သည်များကို ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်တွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ပါကြောင်း’”ပြောကြားခဲ့တယ်လို့ သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြပြီး  မစ္စတာစလင်းမ်က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အတွက် လိုအပ်တဲ့ ထောက်ပံ့ ကူညီမှုတွေ ပေးသွားမယ်လို့ ပြောခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒီတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်မတော်အရာရှိတွေ တက်ရောက်ပြီး  မြို့စား မစ္စတာ စလင်းမ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှစစ်သံမှူး ဗိုလ်မှူးကြီး တိုနီစတမ်းတို့ တက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment