သဲနဒီလှိုင်းနာမည်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်သွားမယ့် အလှမယ်


မလေးရှားနိုင်ငံမှာ Miss Tourism International 2014  ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်သဲထက်မောင်က သဲနဒီလှိုင်းနာမည်နဲ့သာ အနုပညာအလုပ် တွေကို ကြိုးစားလုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။
“K Pop ပြိုင်ပွဲမှာကတည်းက ဒီနာမည်ကို လူသိများထားတယ်။ မလေးရှားမှာ ပြိုင်ပွဲသွားပြိုင်တော့ ဒီနာမည်နဲ့ ပြိုင်လို့မရလို့ နာမည် ရင်းနဲ့ ပြိုင်လိုက်တာပါ။ ပြည်တွင်းမှာတော့ သဲနဒီလှိုင်းကိုပဲ ပိုသိ ပါတယ်။ အနုပညာရှင်တော်တော် များများကလည်း ဒီနာမည်ကိုကြိုက်ကြတယ်” လို့ နာမည်ပြောင်းလဲရခြင်း အကြောင်းကို သဲနဒီလှိုင်းက ပြောပါတယ်။
လတ်တလောမှာ သဲနဒီလှိုင်း က ဘေ ဘုတ်တွေ၊ ပြက္ခဒိန်တွေအတွက် ဓာတ်ပုံရိုက် ကူးနေပြီး အဆိုတော်မိုးထက်မြင့်ရဲ့ တေး စီးရီး ထဲက Title  သီချင်းဖြစ်တဲ့ ‘အာ့လာ ပြော တာ’ သီချင်းမှာ ပါဝင်သရုပ်ဆောင်ထားသလို၊ အနု ပညာရှင်များစွာပါတဲ့ ‘ငါ’ ဇာတ်ကားမှာလည်း ဇာတ်ဝင်ခန်း နည်းပေမယ့် သရုပ်ဆောင် လေ့ကျင့် တဲ့ အနေနဲ့ ပါဝင်သရုပ် ဆောင်ထား ကြောင်း ပြောပါတယ်။ အလှမယ်ပြိုင် ပွဲ တွေမှာ ဝင်ပြိုင်မှာ မဟုတ်တော့ ဘဲ သရုပ်ဆောင်ဘက်ကိုသာ ကြိုး စားလုပ် ဆောင်သွားမှာဖြစ် ကြောင်းကို သဲနဒီလှိုင်းက “Local  ပွဲသေးတွေတော့ မပြိုင်တော့ဘူး။ သရုပ်ဆောင် ဘက်ကိုပဲ တတ်နိုင် သလောက်ကြိုးစားတော့မယ်။ မော် ဒယ်ရှိုးပွဲတွေလည်း လျှောက်ဖြစ် မှာပါ” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment