ချစ်သုဝေက ‘တိမ်တွေနေတဲ့ အရပ်’တေးစီးရီး ထွက်ရှိတာ ၄နှစ် ကြာခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော်အခွေ ထပ်ထွက်နိုင်ဖို့ စီစဉ်နေပြီး ဇွန်လ အမေရိက ခရီး စဉ်မသွားခင် ပရိသတ်လက်ထဲ ထည့်နိုင်အောင် ကြိုးစားနေ ကြောင်း ပြောပါတယ်။ လတ်တလောမှာတော့ နယ်ဖျော်ဖြေပွဲတွေမှာ လိုက်ဆိုနေပြီး သီချင်း တွေဘက်ကို အချိန်ပိုပေးဖြစ်နေကြောင်း ပြောတဲ့ ချစ်သုဝေက “နယ်ပွဲတွေ တောက်လျှောက် ဆိုဖြစ်နေ ပါတယ်။ အရင်က ဇာတ်ကားရိုက်တစ်ဖက်နဲ့ဆိုတော့ တချို့ပွဲတွေပဲ လက်ခံဖြစ်တယ်။ အခုကျတော့ အဆို ဘက်မှာ ပရိသတ်နဲ့လည်း ထိတွေ့တာ နည်းနည်းကင်း ကွာနေတော့ ပွဲတွေတော်တော်များများ လက်ခံပြီး လိုက်ဆို ဖြစ်တယ်။ ဒီအတောအတွင်းမှာ ဇာတ်ကားရိုက်လည်းပါးတော့ သီချင်းတွေဘက်ကို အချိန်ပေးပြီး လိုက်ဆိုဖြစ်ပါတယ်” လို့ ပြောပါတယ်။ မတ်လထဲမှာတော့ ကြော်ငြာရိုက်နဲ့ ဓာတ်ပုံရိုက် ကူးမှုရှိတဲ့အတွက် ဘန်ကောက်ကို သွားရောက်ဖို့ရှိကြောင်း ပြောပါတယ်။ ၂ဝ၁၅နှစ်ကုန်လောက်မှာတော့ ရင်သွေး ယူဖို့ စဉ်းစားထားပြီလို့ဆိုတဲ့ ချစ်သုဝေက “ရင်သွေး ကို ဒီ နှစ်ကုန် လောက်တော့ ယူဖို့စဉ်းစားထားတယ်။ ဒါပေမဲ့ လည်း ရင်သွေးက ဘုရားပေးမှရမှာပါ” လို့ ရင်သွေးနဲ့ ပတ်သက်ပြီး ဆိုပါ တယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
0 comments:
Post a Comment