One Lady Show ပြီးရင် ရင်သွေးယူဖို့စဉ်းစားတော့မယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း


ဝိုင်းစုခိုင်သိန်းက လတ်တလောမှာတော့ မတ်လ ၂၁ရက်နေ့မှာ ပြုလုပ်မယ့် သူ့ရဲ့ One Lady Show  အတွက် သီချင်းတွေလည်း တိုက်နေ သလို ပါဖောမန့် လုပ်ဖို့ အကတွေလည်း လေ့ကျင့်ဖြစ်နေပြီး ပရိသတ် တွေကို အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေကြောင်း သိရပါတယ်။
“အခု အကအတွက် လေ့ကျင့်နေရတယ်။ ပါဖော မန့်အပိုင်းကို ရိုးရိုးကြီးနဲ့ ပရိသတ်ကိုချမပြချင်ဘူး။ ထူးထူးခြားခြားလေးလည်း ဖြစ်ချင်တယ်။ သီချင်းပုဒ် ရေလည်း ရွေးနေပါတယ်။ အပုဒ် ၃ဝနဲ့ ၄ဝကြားဆိုဖို့ ရွေးထားပါတယ်” လို့ One Lady Show  နဲ့ ပတ်သက်ပြီး ပြင်ဆင်နေမှုအကြောင်း ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဒီ One Lady Show  ပွဲ ပြီးရင်တော့ ရင်သွေးယူဖို့အတွက် စဉ်းစားတော့မှာဖြစ်ကြောင်းကို ဝိုင်းစုခိုင်သိန်းက “ဒီပွဲပြီးတော့မှပဲ စစဉ်းစားမှာပါ။ အဓိကက ကိုယ်နဲ့ ကိုယ့်ကလေးနဲ့ အသက်အရွယ်မကွာချင်တာရော၊ကလေးယူသင့်ပြီလို့လည်းထင်လို့ စစဉ်းစား မှာပါ။One Lady Show  ပြီးရင် ဝိုင်းစုမှာ သိပ် ဟဲဗီးလုပ်စရာ မရှိဘူးလေ။ ဗီစီဒီရိုက်ဖို့နဲ့ ဇာတ် ကားရိုက်တွေပဲ ရှိတော့မှာဆိုတော့ အဲဒါ ကြောင့် ကလေးယူဖို့စဉ်းစားတာ ပါ” လို့ပြောပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment