မူးယစ် ဆေးဝါး နဲ့ ပတ်သက်တဲ့ အကြောင်း အရာ တွေကို ကျောင်းတွေမှာ ဟောပြော ပေး ဖြစ်နေတဲ့ လူမင်း


မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (Mana) ရဲ့ သံတမန်တစ်ဦးဖြစ်သူ လူမင်းက မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုတွေမှာလည်း ပါဝင်ဟောပြောဖြစ် ခဲ့ပါတယ်။ ဟောပြောပွဲတွေကိုတော့ အထက်တန်း၊ အလယ် တန်းကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ လုပ်ဖြစ်ပြီး သူ့ရဲ့ဟောပြောပွဲအတွေ့ အကြုံတွေကိုလည်း လူ မင်းက ” မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေကို မော်လမြိုင်မှာလည်းလုပ်တယ်။ မုံရွာတက္ကသိုလ်မှာလည်း လုပ်တယ်။ စစ်ကိုင်းတက္ကသိုလ်မှာလည်း လုပ်ပြီးပြီ။ ရန်ကုန်က တက္ကသိုလ်တွေမှာတော့ ခဏ ခဏလုပ်တယ်။ အထက်တန်း ကျောင်း၊အလယ်တန်း ကျောင်း တွေမှာလည်းလုပ်တယ်။ အစ်ကိုက မူးယစ်ဆေး ဝါး ဆန့်ကျင်ရေး ရဲ့ သံတမန်ဆိုတော့ ဒီမူးယစ်ဆေးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဟောပြောပွဲ အသိပညာပေးတွေလုပ်တယ်။ ပရိသတ်တွေ စိတ် ဝင်စားအောင် အနုပညာရှင် တွေကိုပါခေါ်ပြီး တော့ ဖျော်ဖြေရေးနဲ့ ကျောင်းသား၊ကျောင်းသူ တွေလာအောင် ဆွဲဆောင်တယ်။ အဲဒီတော့မှ ကိုယ်တို့ ပြောချင်တာတွေကို ပ ညာပေးဟောပြောမှုအစီအစဉ်တွေ လုပ်တယ်။ အစ်ကိုက  သံတမန်အဖြစ်နဲ့ ခန့်အပ်ခံရတာ နှစ်နှစ်လောက်ရှိသွားပြီ။ အစ်ကိုက ဟောပြောပွဲတစ်ခုသွားရ မယ်ဆို ရင် ပြော ရ မယ့်အကြောင်းအရာတွေကို ခေါင်းထဲမှာ စဉ်းစားထားတယ်။ စာရေးပြီး ပြောလေ့ပြောထ မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့ ပွဲအနေအထားနဲ့ ပရိသတ်စိတ်ဝင်စားမှုနဲ့ အခြေအနေကို ကြည့်ပြီးမှ ဖြတ်ထိုးဥာဏ် ရွှင်ရင်ရွှင်သလို ဟောပြောရ တာပေါ့။ ပြောမယ့် အကြောင်း အရာတွေကိုတော့ ခေါင်းထဲ မှာပဲ စီထားတယ်။ ချပြီးမရေးထားဘူး။ ဥပမာ မူးယစ်ဆေးဝါးအကြောင်းတွေပြောမလား၊ ကလေးတွေကော်ရှူတဲ့ အကြောင်းေ တွပြောမလား၊ Reference တွေသိအောင်တော့ ကိုယ့်ဘက်က လေ့လာထားရတာပေါ့” လို့ ပြောပါတယ်။
ကိုယ့်ရဲ့ ဟောပြောမှုကို ပရိသတ်တွေနားလည်ဖို့အတွက် ကိုယ့်ဘက်က ဟောပြောမယ့်အကြောင်းအရာတော့ ကိုယ်ကြိုတင်လေ့လာထားပြီး အသိပညာတစ်ခုရအောင် ရည်ရွယ်ပြီး ဟောပြောဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။ ” အစ်ကိုတို့ ဟောပြောလိုက်လို့ ဆင်ခြင်သွားတဲ့သူတွေ အများကြီးရှိတယ်။ အစ်ကိုတို့ပြောတယ်ဆိုတာက အမိန့်ပေးတာလည်း တစ်ခုမှမပါဘူး။ အစ်ကိုပြောဖူးတဲ့ စကားထဲမှာ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တာဝန်ယူကြရမယ်။ သူဆေးစွဲလို့လည်း သူ့ကို ပစ်ပယ်စရာမလိုဘူး။ ကောင်းတဲ့ဘက်ကိုပါလာ အောင်ဆွဲဆောင်ရမယ်။ ကျောင်းသား၊ ကျောင်း သူတိုင်း လူတိုင်းအတွက် သမိုင်းပေးတာဝန်ပဲ။ အားလုံး မှာ တာဝန်ရှိတယ်။ ဝိုင်းပြီး ထိန်းသိမ်းပေးရမယ်။ ကိုယ့် အနေနဲ့ အခုလိုမျိုးတွေ ဟော ပြောဖို့အတွက် စာတွေများများ ဖတ်ထားရတယ်။ ကိုယ်ပြောမယ့် အကြောင်းအရာတွေကို ကိုယ့်ဘာသာကိုယ် ကျေညက်အောင်လေ့လာထားတယ်။ အသိပညာပေးဟောပြောတာပဲ ဖြစ်ဖြစ် သူ တို့စိတ်နဲ့ ကိုယ့်ရဲ့ စိတ်ဆက် သွယ်မှုရအောင် ပြောနိုင်မှ လေ။ ကိုယ်ပြောချင်တာချည်းပဲ တစ်ဖက်သတ်ပြောသွားလို့ ကတော့ အဆင်မပြေဘူး။ အဲဒါကြောင့် ဟောပြောပွဲ တစ်ခုကို တစ်နာရီ၊နှစ်နာရီ အချိန်ပေးရတာနဲ့ တန်ေ အာင် ဟောပြောပွဲမှာ အကျိုးရှိတဲ့ message လေး တစ်ခုရအောင်ယူပြီးမှ ပြန်ကြပါလို့ အစ်ကိုက request  လုပ်တယ်။ အစ်ကိုကိုယ်တိုင်လည်း နားထောင်မယ့် သူနေရာမှာ ခံစားပြီးတော့ ဟောပြောပေးဖြစ်တယ်။ အဓိကက ပရိသတ် စိတ်ဝင်စားမှုရှိမှသာ ဟောပြောရတာ ထိရောက်မှုရှိတာပါ ” လို့ လူမင်းက ပြောပါတယ်။
လွင်လွင်ထွန်း ၊ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment