American Idol ပွဲကြီးက အတုသာဖြစ်ပြီး သူမအတွက် ဆိုးဝါးတဲ့အတွေ့အကြုံတွေသာ ရရှိခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ Mariah Carey


Mariah Carey အတွက် American Idol မှာ ဒိုင်လုပ်ရတာနဲ့ ပတ်သက်ပြီး အကောင်းဆုံးအချိန်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အတူတူဒိုင်လုပ်ရတဲ့ Nicki Minaj နဲ့လည်း အဆင်မပြေတာကြောင့် ခုလို အခြေအနေမျိုးတွေ ပြောထွက်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူမ သဘောထားကတော့ ဒီ Fox reality ရှိုးနဲ့ ပတ်သက်ပြီး အားလုံးကို အကောင်းမမြင်ဘူးဆိုတာပါပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သြစတြေးလျ ရေဒီယိုရှိုးမှာ သူမ ပြောသွားတာက "ကျွန်မဘ၀ရဲ့ အဆိုးဆုံး အတွေ့အကြုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ အဲ့ဒီအစီအစဉ်နဲ့ ထပ်ပြီး ပတ်သက်ဖို့ မရှိတော့ပါဘူး။ ပြီးတော့ ဒီရှိုးကနေ ဘယ်အရာကများ စိတ်ဝင်စားစရာတွေ ထွက်လာအောင် ဖန်တီးကြလို့လဲ။ အဆင်မပြေတဲ့ ဒိုင်နှစ်ယောက်ကို အတူထားထားတာကိုက ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးလေ။ အမှန်တကယ်ဆို အခြားတစ်ယောက်ပြောင်းထားဖို့ လုပ်ရမှာ မဟုတ်ဘူးလား။ ဒီလိုဖြစ်အောင်ကို သက်သက်လုပ်နေတယ်လို့ ထင်တာပဲ။ ဒီအစီအစဉ်နဲ့ ခပ်ဝေးဝေးနေတာ ကောင်းတယ်" လို့ သူမက ပြောပါတယ်။
ဒါ့အပြင် ဒီပွဲကြီးက အတုကြီးပါလို့လည်း သူမက ဖွင့်ဟသွားပါသေးတယ်။ "အမှန်တော့ ဒီပြိုင်ပွဲ ပျင်းဖို့ကောင်းပြီး အတုယောင်လောက်ပဲ ရှိတာ။ ကျွန်မက အတုယောင်လို့ ပြောရင် တကယ် အတုယောင် ဖြစ်နေလို့ဆိုတာ ယုံပါ။ လူတွေကို ထိုင်ပြီး  ... ဟာ ဆိုသွားတာလေး အရမ်းကောင်းတယ်၊ ပါဖောင်းမန့်စ်က တော်တော့်ကို ကောင်းတာ ဒါတွေပဲ ထပ်ခါထပ်ခါ ပြောပြီး ဆုံးသတ်နေရတာလေ"တဲ့။
Ref:cosmopolitan
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment