
(ချန်ဒူး၊ မေ ၁၈)
တရုတ်နိုင်ငံ အနောက်တောင် ပိုင်းတွင် အသက်နှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးမှာ အရက် သောက်သုံးမှုကြောင့် အသိစိတ်မဲ့ ကာ သေဆုံးခဲ့ရသည်။
ယင်း ကလေးငယ် သောက်သုံး ခဲ့သည့် ပိုင်ကျုခေါ် အရက်တစ်မျိုး တွင် အယ်လ်ကိုဟော ပါဝင်မှုမှာ ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်း အထိ ပါရှိကြောင်း တရုတ် မီဒီယာ သတင်း များတွင် အစီရင်ခံဖော်ပြခဲ့သည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် အပတ်ခန့်က စီချွမ်းခရိုင်၊ ပန်ကျိ ဟွာမြို့ရှိ သူငယ်ချင်း ဖြစ်သူ၏ နေ အိမ်တွင် ဖခင်ဖြစ်သူ ဝမ်မှာ သား ဖြစ်သူအား ခေါ်ဆောင်၍ သွား ရောက်သောက်စားခဲ့သည်။ ခွက် အနည်းငယ်သောက် ပြီးနောက် ဝမ်မှာ အလွန် မူးလာသည့် အတွက် ကလေးအား သူငယ်ချင်းများနှင့် ထားကာ အခန်းတွင်းသို့ ဝင်၍ အိပ်စက်နေခဲ့သည်။ ကလေးမှာ အစပိုင်းတွင် ရေနွေးကိုသာ သောက်နေခဲ့သော်လည်း ရေနွေး ကုန်သွားချိန်တွင် ဖခင်၏ အရက် ခွက်ဆီသို့ လက်ရောက် သွားခဲ့ သည်။ ယင်းနောက် ကလေးမှာ ခွက်ထဲရှိ အ ရက်များကို သောက်နေသဖြင့် ဖခင်၏ သူငယ်ချင်း နှစ်ဦးက မ သောက်ဖို့ပြောရန် ကြိုးစားခဲ့သော် လည်း မစ္စတာကျား ဆိုသူ မှာ အမူး လွန်၍ အူမြူးနေသဖြင့် ကလေး ငယ်အား အရက် များ ထပ်မံထည့် ပေးခဲ့သည်ဟု ဆိုသည်။
အရက် ၁ဝဝ မီလီလီတာခန့် သောက် အပြီးတွင် ကလေးငယ်မှာ စားပွဲပေါ် မှောက်သွားသဖြင့် အိပ် ပျော်သွားသည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် နာရီ အနည်းငယ်ကြာ သည်အထိ အဖေလုပ်သူအား အ သိမပေးဖြစ်ကြဘဲ နေခဲ့ရာမှ ကလေးငယ်မှာ နိုးမလာဘဲ အသား များမှာ အလွန် ပူနေသည်ကို တွေ့ ကြသဖြင့် ဆေးရုံသို့ ပို့ခဲ့ကြသည်။ သို့ရာတွင် ကလေးမှာ သေဆုံးသွား ခဲ့ပြီး အယ်လ်ကိုဟော အလွန်အ ကျွံ သုံးစွဲမှုကြောင့်ဟု အဖြေထွက် ရှိခဲ့သည်။
ကလေး အဖေ၏ အဖော်သုံး ဦးမှာ သောက်စားနေခဲ့စဉ် အဆို ပါ ကလေးငယ်အား အရက် သောက်ရန် လှုံ့ဆော်ခဲ့ကြရာမှ ကလေးငယ် သေဆုံး ရခြင်းဖြစ် သည့်အတွက် အခင်းဖြစ်ပွားစဉ် ရှိ နေကြသည့် ၄င်းတို့အား ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း Chengdu Commercial Daily သတင်းစာက ဖော်ပြခဲ့သည်။
KTZO
Ref:Asiaone
Ref:Asiaone
Source:popularmyanmar.com
0 comments:
Post a Comment