
ပြီးခဲ့တဲ့နှစ်၂ဝ၁၄၊ မတ်လအတွင်းက တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ ဟောင်ကောင်ရေဒီယိုတစ်ခုဖြစ်တဲ့ (Asian Threads on RTHK Radio 3) တို့ရဲ့အင်တာဗျူးဟာ နယူးယောက်မြို့မှာ ကျင်းပတဲ့နိုင်ငံတကာရေဒီယို အစီအစဉ်များဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်သွားတယ်လို့သိရပါတယ်။ ဒီအင်တာဗျူးကိုတော့ဟောင်ကောင်အခြေစိုက် RTHK Radio 3 ရဲ့ အစီအစဉ်တင်ဆက်သူ Ms. Reenita Malhotra Hora က၂ဝ၁၄ခုနှစ်၊ မတ်လအတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဖြူဖြူကျော်သိန်းကို တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။
” အဲဒီတုန်းကမေးမြန်းပြီး ထုတ်လွှင့်ထားတဲ့ အင်တာဗျူးကအဲဒီနယူးယောက်ပွဲမှာ ဆန်ခါတင်ဝင်တယ်ဆိုပြီး ဖြူဖြူကိုမေးသွားတဲ့ Interviewer ကဆက်သွယ်သတင်းပေးလာတော့ သိရတယ်။ ဒီအင်တာဗျူးက ဖြူဖြူ ဟောင်ကောင်မှာပွဲလုပ်ဖို့ စီစဉ်နေတဲ့အချိန်မှာ ပွဲအ ကြောင်းနဲ့ဖြူဖြူရဲ့ Profile အင်တာဗျူးလာလုပ်တာ။ တစ်နှစ်ရှိပြီပေါ့။ နိုင်ငံတကာ ရေဒီယိုအစီအစဉ်များဆု ပေးပွဲမှာသူကဝင်ပြိုင် တော့ဆန်ခါထဲမှာပါသွားတယ်သိရတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ခုလိုကိုယ့်အင်တာ ဗျူးကဆန်ခါတင်စာရင်းမှာဝင်တဲ့အတွက်လည်း interviewer အတွက်ဝမ်းသာ တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်းက ခုလိုပွဲတွေရှိတာကိုလည်း ခုမှပဲသိရတယ်လို့လည်းပွင့်လင်းစွာ ဆိုပါတယ်။
” ကိုယ့်ရဲ့ ပရိုဂရမ်လေးနဲ့ ဝင်သွားတာ သူ့အတွက်ဝမ်းသာတယ်။ ပြီးတော့ဒါက မြန်မာနိုင်ငံက မြန်မာလူမျိုးတစ်ယောက် အနေနဲ့ ဖြေတယ်။ ကိုယ့်အကြောင်း ကိုဖြေတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံအကြောင်းတွေလည်း ဖြေရင်းနဲ့ပါတာပေါ့။ ဘာပဲပြောပြော ဒီပရိုဂရမ်ကိုဟောင်ကောင်မှာ လွှင့်တဲ့အချိန်တုန်းကနားထောင်တဲ့အရေအတွက်ထက် အခုဆိုရင် ပိုပြီးနားထောင်ဖြစ်ကြတယ်။ ကိုယ့် နိုင်ငံအကြောင်းကိုပိုသိစေတာ ပေါ့။ ဆုရတာ၊မရတာကတော့ တစ်ပိုင်းပေါ့။ ဒီထက်လည်း ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေ လည်းပါပါတယ်။ အဲဒီ ကြားထဲမှာ ကိုယ့်အစီအစဉ်လေးပါတယ်ဆိုတော့ဝမ်းသာတယ်။ ပြီးတော့ဒီလိုဆုပေးမှုတွေဘာ တွေရှိတယ်ဆိုတာလည်းမသိဘူး။ နိုင်ငံတကာမီဒီယာတချို့နဲ့အင်တာဗျူးတွေတော့ ဖြေဖူးတယ်။ ဒါပေ မဲ့ခုလိုပွဲတွေရှိတာတော့ခုမှသိတာ။ ဗဟုသုတရတာပေါ့။ နောက်ပိုင်းလည်း ဖြူဖြူတို့ဆီမှာ ရေဒီယိုအစီအစဉ်တွေပိုမိုထွန်း ကားလာဖို့လည်းမျှော်လင့်ပါတယ်” လို့ ဖြူဖြူကျော်သိန်းကပြောပြခဲ့ပါတယ်။ ဖြူဖြူကျော်သိန်းရဲ့စီးရီးသစ် ရော့ခ်သီချင်းများပါဝင်တဲ့ “နာမည်ကျန်နေရစ်မယ်” စီးရီးကလည်းစီးရီးထွက်ထွက်ချင်းပဲ ပရိသတ်ကြားမှာအောင် ပွဲခံနေကြောင်းသိရပါတယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment