မူလတန်း ကျောင်းသား ဘဝကတည်းက ပန်းချီ ကို ဝါသနာပါခဲ့သူ ဒါရိုက်တာ ကိုပေါက်


ဒါရိုက်တာ ကိုပေါက်က ဒါရိုက်တာ၊ သရုပ်ဆောင် အနုပညာ အလုပ်တွေကို ဝါသနာပါ သလို ပန်းချီရေးဆွဲတာ ကိုလည်း ငယ်စဉ် ကတည်းက ဝါသနာပါ ခဲ့သူ ပါ။ ကျောင်းသား ဘဝတုန်း ကလည်း ပန်းချီ ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့ဖူးတယ်လို့လည်း သိ ရပါတယ်။
“ပန်းချီကို မူလတန်း ကျောင်းသား ဘဝကတည်းက ဝါသနာပါခဲ့တယ်။ လွတ်လပ် ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့ တွေမှာ နံရံကပ်ပန်းချီ ပြိုင်ပွဲ လေးတွေ ကို အတန်းလိုက်လေး တွေလုပ်ကြတယ်။ မူလတန်းဆို မူလတန်း အဆင့်။ အဲဒီကတည်း က ကိုယ်က ပန်းချီပြိုင်ပွဲလေး တွေမှာ ဆုရတယ်။ အမြဲတမ်း ကိုယ်ရေး တဲ့ ပန်းချီကားလေးတွေ ကတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံရေးဖြစ်တယ်။ ကလေးပန်းချီ ပေါ့။ ကလေး တစ်ယောက် သင် ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံ တူလေးတွေ ထိုင်ခုံမှာ ထိုင်နေ တဲ့ပုံ၊ ဖတ်စာအုပ်ထဲမှာ ရှိတဲ့ ငှက်ကြီးတောင် ဓားကြီးကို ကိုင် ထားတဲ့ပုံ ရှိတယ်။ အဲဒီပုံလေး တွေကိုပဲ ပန်းချီ ဆွဲပြီးတော့ ပြိုင် ဖြစ်တယ်။ အဲဒီကတည်းက ပန်းချီနဲ့ ပတ်သက်ပြီး ကိုယ် ဝါသနာပါတယ်။ နောက်ပြီး တော့ နွေရာသီ ပန်းချီသင်တန်း တွေ တက်ခဲ့တယ်။ ကြီးလာ တော့ ပန်းချီဆရာ ကိုလှမြင့် ဆီမှာ ပန်းချီ ပညာသင်တယ်။ အနုပညာလောကထဲ ရောက် လာတော့ ဆရာဦးခင်မောင်ရင်၊ နောက်ပြီးတော့ ဆရာဝဏ္ဏ ကိုလေးတို့ဆီမှာ သူငယ်ချင်းလို၊ တပည့်လို၊ ညီအစ်ကို လို အတူ နေရင်းနဲ့ သူတို့ဆီက ပညာလေး တွေကို သင်ယူခဲ့ပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။ မော်ဒန်ပန်းချီရေးဆွဲ တာကို ကြိုက်နှစ်သက်ပြီး ပန်းချီကား တစ်ချပ် ရဲ့တန်ဖိုးရှိမှု၊ မြတ်နိုး မှုတွေကို သိမြင်တဲ့ အတွက် ကိုယ်တိုင်လည်း ပန်းချီကားတွေ ကို တတ်နိုင် သလောက် ဝယ်စု ပြီး မြတ်မြတ်နိုးနိုး ထားတယ်လို့ ဒါရိုက်တာ ကိုပေါက် က ပြောပါ တယ်။
“အစ်ကိုက ဆရာ ဦးခင်မောင်ရင် တို့လိုင်းမျိုးကိုကြိုက် တယ်။ ကိုယ်က ပြခန်းတွေဘာ တွေမှာပြဖို့ အတွက်တော့ မဆွဲ ဖူးသေးဘူး။ အိမ်မှာတော့ ဆွဲ ဖြစ်တယ်။ ဒီအနု ပညာလော က ထဲ မရောက်ခင် ဗီဒီယိုရုံမှာ ပန်းချီဆွဲရတယ်။ ကျော်ရဲ အောင် တို့ရဲ့ ပန်းချီ ပိုစတာတွေ ပို့လိုက်ရင် အဲဒီပုံကြီးတွေကို ရေဆေးတွေ နဲ့ ပြန်ဆွဲရတယ်။ ပုံတူ ဆွဲရတယ်။ မြေဖြူကာလာ တွေနဲ့ စာရေးရတယ်။ ရုပ်ရှင် လောကထဲ ရောက်တော့ ပန်းချီ သိပ်ပြီးမရေးဖြစ်တော့ဘူး။ ဟိုတလော ကတော့ ပန်းချီကား လေး တစ် ကားရေး ဖြစ်တယ်။ သုံးလေးကားလောက် ပဲ ရေး ဖြစ်တယ်။ ပန်းချီဆွဲရင် ကိုယ့်ရဲ့ Concentration ကို ပိုထိန်းနိုင် တယ်။ ပန်းချီကို ချစ်တတ်ရင် နှလုံးသားနူးညံ့တယ် လို့ အစ်ကို တော့ မြင်တယ်။ အဲဒီတော့ အိမ်တစ်အိမ် မှာ တိုက်ခန်းလေး ပဲ ဖြစ်ဖြစ်၊ အဆောင်ပဲဖြစ်ဖြစ် လူသား တစ်ယောက်နေတဲ့ အခန်း တစ်ခန်းမှာ ပန်းချီကား တစ် ကားတော့ ရှိသင့်တယ်လို့ အစ်ကိုမြင်တယ်။ ကိုယ့် အိမ်ဧည့် ခန်း၊ ကိုယ့်ရဲ့အခန်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ချိတ်ထားတဲ့ ပန်းချီကားကို ကြည့်ခြင်းအား ဖြင့် အဲဒီလူ တစ်ယောက် ရဲ့ အဆင့်အတန်းကို ကိုယ်ကတော့ ခွဲခြားတယ်။ တချို့ အိမ်ကြီးတွေ အကောင်းစားဖြစ်ပြီးတော့ အရည်အသွေး နိမ့်တဲ့ သာမန် ပန်းချီကားလေးတွေ ချိတ် ထား တာ တွေ့ရတဲ့အတွက် တော် တော် စိတ်မကောင်းဘူး။ အား လုံးကတော့ အနုပညာချည်းပါ ပဲ။ ဒါပေမဲ့ ပန်းချီကားရဲ့ အဆင့် အတန်းက အဲဒီ အိမ်မှာရှိတဲ့ လူနေမှု အဆင့် အတန်းကို ခွဲ ခြားဖော်ပြပေးတယ်လို့ မြင်မိပါ တယ်။ အစ်ကိုလည်း အိမ်မှာ ပန်းချီကားတွေ ဝယ်စုဖြစ်တယ်။ မြတ်မြတ်နိုးနိုး နဲ့ကို ကြိုက်နှစ် သက်တယ်။ လက်လှမ်း မီ သလောက်တော့ ပိုက်ဆံစုပြီး ပန်းချီကားလေးတွေ ဝယ်စုဖြစ် တယ်။ ပြန်ရောင်းစား ဖို့တော့ မဟုတ်ပါဘူး။ မြတ်မြတ်နိုးနိုး နဲ့ သိမ်းထားချင်လို့ပါ” လို့ ပြောပါ တယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment