အလှမယ် မိုးစက်ဝိုင်က မေလ ၂ဝ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အလှူအဖြစ် မရမ်းကုန်းမြို့နယ်ရှိ နန်းဦးမိဘမဲ့ကလေးကျောင်းမှ ကလေးငယ် ၂ဝ ဦးကို မနက်ပိုင်းမှာ ရွှေတိဂုံဘုရားသို့ ပို့ဆောင်ပေးခဲ့ ပြီး ကုသိုလ်ပြုခဲ့ပါတယ်။ အဲဒီနောက် မိုးစက်ဝိုင်ရဲ့မွေးနေ့အတွက် သူ့ရဲ့ပရိသတ်အဖွဲ့သားများက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ကြာဆံကြော်နဲ့အအေးများကို ဘုရားဖူးလာ မိဘပြည် သူများကို လှူဒါန်းတဲ့နေရာကိုလည်း ဝင်ရောက်အားပေးခဲ့ကြပါတယ်။ အဲဒီနောက်မိုးစက်ဝိုင်က ကလေးငယ်များနဲ့အတူ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိသီလရှင်စာသင်တိုက်မှာ သင်္ကန်းများနဲ့လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ချမ်းမြေ့ဂုဏ်ဝေ သီလရှင် စာသင်တိုက်ရှိ သံဃာတော်နဲ့ သီလရှင်အပါး ၁ဝဝ ကျော်တို့ကို နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့သလို နန်းဦးမိဘမဲ့ကလေးကျောင်းအတွက် တစ်နေ့စာကိုလည်း လှူ ဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ကျောင်းစလုံးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ စာရေး ကိရိယာ ပစ္စည်းများနဲ့ အချိုရည် များကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မွေးနေ့မှာ ကလေး ငယ်တွေကို ဘုရားပို့ဖြစ်ပုံနဲ့ပတ်သက်ပြီး မိုးစက်ဝိုင်က ” ပရဟိတတွေလုပ်ရင်း မိဘမဲ့ ကလေးတွေနဲ့ ဆက်ဆံရတာများလာတဲ့အခါ သဘောပေါက်လာတယ်။ သူတို့တွေက အပြင်လည်းမသွားရဘူး။ ကြောက်လည်း ကြောက်တတ်တယ်။ စစတွေ့ချင်းမှာ စကားမပြော ကြဘူး။ သူတို့ကို နွေးနွေးထွေးထွေးနဲ့ ဆက်ဆံရတယ်။ ဒါပေမဲ့ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သွက် လာပြီး ပြုံးပျော်လာကြတယ်။ သူတို့ တွေနဲ့က သူငယ်ချင်းလိုပါပဲ။ ဆော့လိုက်၊ ပျော်လိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် တောင် အကြီးလို့မမြင်မိဘူး” လို့ ပြောပါတယ်။ မွေးနေ့မှာ ပရိသတ်တွေက စတုဒိသာ အလှူ လုပ်ပေးတဲ့အတွက် ပီတိဖြစ်ရ ကြောင်းကိုလည်း မိုးစက်ဝိုင်က..
” မိုးစက် ပရိသတ်တွေ တစ်ခုချစ်ဖို့ကောင်းတာက မိုးစက်မွေးနေ့တိုင်း လှူပါတယ်။ သူတို့ဘာသာ၊ သူတို့အစီအစဉ်နဲ့လှူကြတယ်။ ပြီးရင် ဖေ့စ်ဘုတ်ပေါ်မှာတင်ကြတယ်။ အဲဒါတွေကိုမြင်ရတာ တအား ပီတိဖြစ်တယ်။ ပြီးတော့ စိတ်ထဲမှာကိုယ့်ပရိသတ်တွေက တကူးတက ကိုယ့်အတွက်လုပ်ပေးတယ်။ ဒီနှစ်က တိုက်တိုက်ဆိုင်ဆိုင် မိဘမဲ့ကလေးတွေကို ရွှေတိဂုံဘုရားပို့ပေးမယ်ဆို တော့ သူတို့ကလည်း အဲဒီအောက်မှာ စတုဒိသာကျွေးမယ်ဆိုတော့ ဝင်တွေ့ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီနှစ် မွေးနေ့မှာ ထူးခြားမှုတွေကတော့ သူငယ်ချင်းဖြစ်တဲ့ စူပါမော်ဒယ် အွန်ဆိုင်းက Surprise မွေးနေ့ပါတီ အသေးစားလေးကို မေလ ၁၉ရက်နေ့ ည ၁၂ နာရီကတည်းက ပြုလုပ်ပေးခဲ့တာမို့ ပျော်ရွှင်ခဲ့ရသလို မွေးနေ့တိုင်းမှာ တရိစ္ဆာန်လေးတွေကို အစာမကျွေးဖြစ်ပေမယ့် ဒီနှစ်မှာတော့ ထမလုံမှာရှိတဲ့ပိုင်ရှင်မဲ့ခွေးလေးတွေ စုဆောင်းထားတဲ့နေရာမှာ အစာသွားကျွေးခဲ့ပါတယ်။ မွေးနေ့ပြီး နောက် ရက်မှာတော့ ပြင်ဦးလွင်က ချမ်းမြေ့ကျောင်းတိုက်မှာ ၃ ရက်ကြာရိပ်သာ ဝင်မှာဖြစ်ပြီး အဓိဌာန် ပြည့်ဝခဲ့တာကြောင့် ရိပ်သာဝင်ဖြစ်ခြင်း ဖြစ်ကြောင်း မိုးစက်ဝိုင်က ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
0 comments:
Post a Comment