ရွေးကောက်ပွဲကော်မရှင်က ပထမအသုတ်အနေဖြင့် ထုတ်ပြန်လိုက်သည့် မဲပေးနိုင်သူ လူဦးရေစာရင်းတွင် သေဆုံးသွားသူများ၏ အမည်များနှင့် ရွှေ့ပြောင်းသွားသူများ၏ အမည်စာရင်းများ ပါဝင်နေပြီး မဲပေးခွင့်ရှိသည့် လူဦးရေစာရင်းမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲပေးခွင့်ရှိသူ စာရင်းအောက်များစွာ လျော့နည်း နေကြောင်း ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေလ ၂၅ရက်တွင် The Ladies သို့ပြောသည်။
“ မဲစာရင်းထွက်တော့ နဂိုတုန်းက မဲပေးနိုင်တဲ့ လူဦးရေစာရင်းအောက် အများ ကြီးလျော့ကျပြီးတော့ ထုတ်လာတာဖြစ်တယ် ဒီ မဲစာရင်းဟာ ပုံစံ(၆၆) ကို အခြေခံပြီးထုတ်တာဖြစ်လို့ ရွှေ့ပြောင်းလာတဲ့ ဧည့် သည် တွေမပါလာတာ တွေ့ရတယ်၊ အထူးသဖြင့် မင်္ဂလာသိဒ္ဒိရပ်ကွက်မှာ ကြားဖြတ် ရွေးကောက်ပွဲတုန်းက မဲပေးနိုင်တဲ့ လူဦးရေ ၂၀၁၂ မှာ ၄,၀၀၀ ကျော်ရှိတယ်၊ ဒီနေ့ဆိုရင် မင်္ဂလာသိဒ္ဒိရပ်ကွက်မှာ ၂၄၁ ယောက်ပဲထွက်လာတယ်၊ ရှားတောကျေးရွာမှာဆိုရင် မဲပေးနိုင်တဲ့ လူဦးရေ ၇၀၀ကျော်ရှိတယ်၊ ၊ ဒီနေ့ထွက်လာတာ ၂၀၁ ယောက်ပဲထွက်လာတယ်၊ ဂုံမင်းဆိုရင်လည်း လူတစ်ထောင် ကျော် ရှိပေမယ့် ဒီနေ့ထွက်လာတာ ၃၁၁ ပဲထွက်လာတယ်၊၊ အဲဒီလိုပဲ လက်ပံခလကျေးရွာဆိုရင်လည်း သေတဲ့ လူတွေရဲ့နာမည်စာရင်းတွေပါနေတယ်၊၊ ဒီ လူဦးရေစာရင်းတွေက ရှိမရှိဆိုတာ သန်းခေါင်စာရင်းကောက်တုန်းကလည်း သိထားပြီးသား ၊ ဒါပေမယ့် အခု လက်ပံခလတို့ ရှားတောတို့ ကျေးရွာတွေမှာ ထွက်လာတွေက သေတဲ့ လူတွေရဲ့ နာမည်စာရင်းပါနေတာ တွေ့တယ်၊ နောက်ပြီးတော့ ရွာကနေ သုံးလေးနှစ် ပြောင်းသွားတဲ့ လူစာရင်းတွေပါပါနေတာ တွေ့တယ်၊ “ ဟု ဒေါ်စန္ဒာမင်းကပြောသည်။
ဇဗ္ဗူသီိရိမြို့နယ်အတွက်ထုတ်ပြန်လိုက်သည့် မဲပေးနိုင်သည့် လူဦးရေစာရင်းသည် ပုံစံ (၆၆) ရှိသူများ၏ စာရင်းများကိုသာထုတ်ပြန်ပေးသကဲ့သို့ ဖြစ်နေကြောင်း နေပြည်တော်ကောင်စီနယ်မြေတွင် ပုံစံ (၆၆) ကို လူတန်းစေ့မရရှိဟုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။
“ ဇဗ္ဗူသီရိနယ်မြေမှာ မဲစာရင်းက ပထမဆုံး ထွက်လာတယ်၊ ရွေးကောက်ပွဲကော်မရှင်ကလည်း ဥပဒေထွက်ပြီးပြီး ရက်ပေါင်း ၁၈၀ ဒီနေရာမှာနေတဲ့ လူတွေဟာ မဲပေးနိုင်တဲ့ အခြေအနေမှာရှိတယ်၊ သန်းခေါင်စာရင်းတွေ မှတ်ပုံတင်တွေနဲ့မဆိုင်ဘူးပြောထားပြီးသား အခု ကျတော့ ပုံစံ (၆၆) ရှိတဲ့ လူတွေပဲထွက်လာတယ်၊
ဘာဖြစ်လို့လဲဆို နေပြည်တော်ကောင်စီနယ်မြေမှာ ပုံစံ(၆၆)ကို လူတိုင်းကို မပေးဘူး အခု ပုစံ (၆၆) ရှိတဲ့ လူဦးရေပဲ ပထမအသုတ်အနေနဲ့ထွက်လာတာ တွေ့ရတယ်၊ “ ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ပထမအသုတ်အဖြစ် ထွက်လာသည့် မဲပေးနိုင်သူ လူဦးရေစာရင်း တွင် သေဆုံးသည်များ ရွှေ့ပြောင်းသူများ ပါဝင်နေပြီး အလွဲလွဲ အမှားမှားဖြစ်နေသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည် ။
ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment