
ဝါဆိုမိုးဦးက ထိုင်းနိုင်ငံမှာရှိ တဲ့ Koh Samui ကမ်းခြေကို သွားရောက် လည်ပတ်ရင်းနဲ့ သူ့ရဲ့သီချင်း ခွေ အတွက်လည်း ရိုက်ကူး ဖြစ်ခဲ့ကြောင်း ပြောပါတယ်။
“ဝါဆိုရဲ့ကင်မရာ Gold Pro ယူသွားတယ်။ VCD ပုံစံ သီးသန့် ချည်းတော့ မဟုတ်ဘူး။ ဝါဆို ဒီခရီး ကို သွားခဲ့တယ်။ အလှ ကတ်လေးတွေ ရိုက်ခဲ့တယ်။ ဝါဆို့ သီချင်းထဲ မှာ ဝါဆိုဘယ်ကို သွားခဲ့တယ်ဆိုတာ ဖြတ်ညှပ် ကပ်သုံးဖို့ စဉ်းစားထားတယ်။ ဒီ Beach က တအား လှလို့ ဝါဆို ရိုက်ခဲ့တာပါ။ ဖူးခက်ထက် ပိုပြီး လှတယ်။ ဝါဆို အဲဒီမှာ ၃ ရက်နေခဲ့တယ်။ Speed Boat နဲ့ လျှောက်သွားတယ်။ ရေအောက်မှာ ငါးတွေ သွား ကြည့်တယ်။ ကျွန်းတွေ တစ်ကျွန်းနဲ့ တစ်ကျွန်းကို Speed Boat နဲ့ လိုက်ပြတာလျှောက် ကြည့်ဖြစ်ခဲ့တယ်” လို့ပြောပါတယ်။ ဒ့ါအပြင် ဘန်ကောက်မှာ Hard Well DJ Show ပွဲကိုလည်း သွားကြည့်ခဲ့ ကြောင်းလည်း သိရပါတယ်။ ဝါဆိုမိုးဦးက ပါဖောမန့် အမိုက်စား များနဲ့ တစ် ကိုယ်တော် အခွေ စီစဉ်နေပြီး တေးရေးဆရာတွေ ဆီက သီချင်း တစ်ပုဒ် ရတာနဲ့ သီဆိုပြီး MTV ပါ တစ်ခါတည်း ရိုက်ကူးမှာဖြစ်ကြောင်း ပြော ပါတယ်။ ဝါဆိုမိုးဦးက ဇူလိုင်လ မှာကျရောက်တဲ့ မွေးနေ့မှာ တစ်ကိုယ်တော် အခွေ ထွက်နိုင်အောင် ကြိုးစားပေမယ့် တေးရေးဆရာ တွေဆီက သီချင်း မရသေး တာ ကြောင့် ဒီနှစ် ကုန်လောက်မှ ထွက် နိုင်တော့မှာ ဖြစ်ကြောင်း ပြောပါ တယ်။ အသက် ၂ဝ ပြည့်မွေးနေ့ကို ခမ်းခမ်းနားနား နဲ့ကျင်းပဖို့ ငယ်ငယ် တုန်းက စိတ်ကူး ထားခဲ့တဲ့ အိပ်မက် အတိုင်း လုပ်ခဲ့ပြီးပြီမို့ နောင်နှစ်မွေး နေ့တွေ ကိုတော့ ဒီလိုမျိုးမွေးနေ့ပွဲ လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြော ပါတယ်။ ငယ်ငယ်က သူ့ရဲ့စိတ်ကူး အိပ်မက် နဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦးက
“ဝါဆို့ဘဝမှာ လုပ်ရမှာက အသက် ၂ဝ ပြည့် မွေးနေ့တစ်ခါ၊ ဝါဆို့ မင်္ဂလာဆောင်တစ်ခါ ခမ်းခမ်း နားနားနဲ့ လုပ်မယ်လို့ ငယ်ငယ်လေး ကတည်းက ရည်မှန်းချက် ရှိတယ်။ အသက် ၂ဝ ပြည့်မွေးနေ့တော့ လုပ် ပြီးသွားပြီ။ မင်္ဂလာဆောင် ကတော့ လိုပါသေးတယ်။ ဝါဆိုအိမ်ထောင်ပြု မယ်ဆိုရင် အသက် ၂၇ နှစ်လောက် မှ ပြုဖြစ်မှာပါ” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
0 comments:
Post a Comment