ထိုင်းမင်းသမီး နဲ့ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမယ့် လွှမ်းပိုင်




ဟစ်ဟော့ပ် အဆိုတော်လွှမ်း ပိုင်ကမေလ အကုန်မှာ ထိုင်းမင်းသမီး ကရဗီ နဲ့အတူ ရုပ်ရှင် ရိုက်ကူးသွား ဖို့ရှိကြောင်း သိရပါတယ်။ ဒီအ ကြောင်း နဲ့ ပတ်သက်လို့ လွှမ်းပိုင် က “သရဲကား ဇာတ်လမ်းလေးပါ။ ကျွန် တော်ရယ်၊ ထိုင်းက ကရဗီရယ်ပေါ့။ ဒါရိုက်တာ သည်ခေတ်နေ ရိုက်မယ်။ ဒီလ ၂၈ ရက်နေ့ စရိုက်ပါမယ်” လို့ ပြောပါတယ်။ မေလ ဒုတိယ အပတ်က Let’s Go အစီအစဉ်နဲ့ အတူ မလေး ရှားကိုသွား ရောက်ခဲ့တဲ့ လွှမ်းပိုင်ကို မလေးရှား ခရီးစဉ်နဲ့ ပတ်သက် လို့လည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
“ဒီတစ်ခေါက်က ကျတော့ သမိုင်းဝင် နေရာလေးတွေ ရောက်ခဲ့တယ်။ ပြီးတော့ ပျော်စရာလေးတွေ များခဲ့ပါတယ်။ ဒီတစ်ခေါက် ကတော့ ဗဟုသုတ ရစရာတွေ ပိုကြည့်ရ ပါမယ်” လို့ လွှမ်းပိုင်ထံမှ သိရပါတယ်။ သရုပ်ဆောင် အလုပ်ကို လုပ်ဖြစ်လာ တဲ့ လွှမ်းပိုင် အပေါ် သူ့ရဲ့ဂီတပရိ သတ်တွေက သီချင်းတွေ မဆိုဖြစ် တော့မှာ စိုးရိမ်နေ ကြပါ တယ်။ ဒီ အကြောင်း နဲ့ပတ်သက်လို့ ဂီတနဲ့ ရုပ်ရှင် ဘယ်ဟာကို လုပ်ဖြစ်သွားမလဲ ဆိုတာ လွှမ်းပိုင်ကို မေးမြန်းဖြစ် တဲ့အခါ ဂီတကိုတော့ အမြဲတမ်း လုပ်ကိုင် သွား မှာဖြစ်ကြောင်း လွှမ်း ပိုင် ကဆိုပါတယ်။ ဂီတနဲ့ ပတ်သက် လို့ တင်ဆက်မှု အသစ်တွေကို အမြဲ တမ်း စဉ်းစားဖြစ်နေတဲ့ လွှမ်းပိုင်က ..
“သီချင်း ဆိုတာကတော့ ကျွန် တော် အမြဲတမ်း ဆိုနေမှာပါ။ ဂီတ စာဆို လွှမ်းပိုင် ဒီဗီဒီကိုလည်း ကျွန် တော် ရိုက်နေပါတယ်။ ၈ လပိုင်း အကုန် ၉ လပိုင်းလောက် ထွက် ဖြစ်ပါမယ်။ လောလောဆယ်မှာ သီချင်း ၆ ပုဒ်လောက် ရိုက်ပြီးသွား ပါပြီ။ ကျန်တဲ့ အပုဒ်တွေကိုလည်း ပြီးအောင် ရိုက်သွားမှာပါ” လို့ ပြောပါတယ်။ မေလ ၂၄ ရက်နေ့ Yangon Hip Hop Show မှာ ပါဝင် ဖျော်ဖြေခဲ့တဲ့ လွှမ်းပိုင်က သူနဲ့ ခင်ဝင့်ဝါတို့ ရိုက်ကူးထားတဲ့ “ဂျာကင်ဟောင်းလေး” ဗီဒီယိုဇာတ် ကားထွက်ရှိ လာရင် ကြည့်ရှု အား ပေးကြပါဦးလို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment