အုပ်စုအုပ်ချုပ်ရေးမှူးအား အမည်မသိ လက်နက်ကိုင်တဦးမှ ဝင်ရောက် ပစ်ခတ် သေဆုံး



မေလ၂၉ ရက်၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နမ့်အွန်ကျေးရွာ ကွန်ခိုက် အုပ်စုအုပ် ချုပ်ရေး မှူးကို အမည်မသိ လက်နက်ကိုင် တဦးက၀င်ရောက်ပစ်ခတ်ရာ ၄ ရက်အကြာတွင် သေဆုံးသွားကြောင်းသတင်းရရှိပါသည်။

သီပေါမြို့ အရှေ့ဘက် မိုင် ၂၀ ခန့် အကွာရှိ ကွန်ခိုက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းစန်းလွင် ၄၈ နှစ်သည် နမ့်အွန် ကျေးရွာရှိ၎င်း၏ နေအိမ်တွင် မေလ၂၄ ရက် ည ၈ နာရီကျော်က အမည်မသိ လက်နက်ကိုင် သူတဦး၏ ဝင်ရောက် ပစ်ခတ်ခြင်းခံခဲ့ရသည်။

ရင်ဘတ်တွင်သေနတ်ဒဏ်ရာရရှိသွားသော ၎င်းအား လားရှိုး ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ကုသပြီး ၄ ရက်အကြာ မေလ ၂၈ ရက်နံနက်ပိုင်း၌ သေဆုံး သွားကြောင်း ဆေးရုံဝန် ထမ်းတဦးကပြောသည်။

“ဘယ်သူမှန်းတော့ မသိလိုက်ဘူး။ အဲဒီလူက ပုဆိုးနဲ့စွပ်ကျယ်အဖြူဝတ်ပြီး ဆိုင်ထဲ ဝင်လာတယ်။ ပြီးတော့ သူ့လွယ်အိတ်ထဲက သေနတ်နှိုက်ပြီး ပစ်ထဲ့ လိုက်တယ်။ သူက သေနတ်ကိုအပြင်မထုတ်ဘူး။ ဒါကြောင့် သေနတ်က ဘာအမျိုးအစားလဲဆိုတာ မသိလိုက်ဘူး လို့ သူ့အိမ်ကလူတွေပြောတယ်။ ပြီးတော့ ဦးစန်းလွင်က ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူး လုပ်တာသုံးနှစ်ေ လာက် ရှိပြီ။ ” ဟု ဒေသခံရွာသားတဦးကပြောပာသည်။

ဦးဆန်းလွင်သည် မေ ၂၈ ရက် နံနက် ၃ နာရီခွဲတွင် သေဆုံးသွားကြောင်း၊ မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးဆေးရုံ၌ သဂြိုလ်မည်ဖြစ်ကြောင်း၊ ရက်လည် ဆွမ်းသွပ် တရားနာပွဲအား ရွာပြန်လုပ်မည်ဖြစ်ကြောင်း အသိုင်း အဝိုင်း တဦးကပြောပာသည်။

ဦးဆန်းလွင်သည် သီပေါမြို့သားဖြစ်ပြီး နမ့်အွန်ကျေးရွာတွင် အိမ်ထောင်ပြုနေ ထိုင်ကာ ရပ်ရွာသူကြီး / အုပ်ချုပ် ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရကြောင်း အကြောင်းသိသူဦးက ဤကဲ့သို့ပြောသည်။

‘သူကမကြာခဏပြောတယ်။ ဘယ်သူ့ကိုမှ မကြောက်ဘူးတဲ့။ ပစ္စတို သေနတ် လဲ ရှိတယ်တဲ့။ လူတွေကို ထုတ်ပြ တယ်။ သူ့ကိုယ်ရေးကိုယ်တာ နဲ့ ပြဿနာ ရှိခဲ့ဖူးသူကလာလုပ်တာလဲဖြစ်နိုင်တယ်လေ။ ဒါမှမဟုတ် ဒီဘက်မှာ လာပြီး လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြဿနာရှိအောင်လုပ်ချင်တဲ့ တတိယလက်သည်လဲဖြစ်နိုင်တယ်။ သူက အစိုးရ တပ်မတော်ရဲ့ အမာခံလို့ လဲ သတင်းတွေထွက်နေတယ်။ ဟုတ် မဟုတ်တော့မသိဘူး” - ဟု ပြောသည်။

အဆိုပါဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြားရှိ၏။ ရဲတပ်ဖွဲ့၊ အစိုးရ တပ်ဖွဲ့၊ သျှမ်းတပ်ဖွဲ့၊ ပြည်သူ့စစ်တပ် ဖွဲ့တို့ အပြင် ပလောင်(တအာင်း) တပ်ဖွဲ့လည်း မကြာခဏ သွားလာလှုပ်ရှားမှုရှိသည်။

သျှမ်းသံတော်ဆင့်( ဖွေးနွမ်)
သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment