အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ Tanishq Abraham ဟာ ကောလိပ်ကျောင်းကနေ ဘွဲ့ရခဲ့ပါပြီ။
ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်တဲ့ သူတွေကို စုစည်းထားတဲ့ The Mensa အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့Abraham ဟာ အသက် ၄ နှစ်မှာ ကတည်းက The Mensa ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။
အခုလည်း Abraham ဟာ နိုင်ငံခြားဘာသာစကားများ သင်ကြားခြင်း ၊ အထွေထွေ သိပ္ပံ ၊ သချာင်္ နဲ့ ရုပဗေဒ သိပ္ပံ တို့မှာ ဘွဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် ၊ Sacramento မြို့မှာ နေထိုင်တဲ့ ကျောင်းသားလေးဟာ သူ့ရဲ့ စာသင်ချိန် အများစုကို အိမ်မှာပဲ သင်ကြားလေ့လာခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ အတန်းထဲမှာလည်း သူဟာ အခြားအတန်းဖော်တွေ အားလုံးထက် မြန်မြန် တတ်မြောက်တဲ့အထိ ဥာဏ်ကောင်းသူလည်း ဖြစ်ပါတယ်။
ထိုကျောင်းသားလေးက KCRA သတင်းဌာန ကို ပြောကြားခဲ့တာကတော့ “ဘွဲ့ရတယ်ဆိုတာ ကျွန်တော့်အတွက် တော့ သိပ်ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး” တဲ့၊
Ref:elitedaily
Source:trend.com.mm
0 comments:
Post a Comment