မိမိကိုယ်ပိုင် ရုပ်ရှင်အကယ်ဒမီကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် Jackie Chan တာဝန်ထမ်းဆောင်


စင်ကာပူနိုင်ငံဆိုင်ရာ အနုပညာရှင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သံတမန်လို့ နာမည်သစ်ရထားတဲ့ ဂျက်ကီချန်းဟာ ခုနောက်ထပ် နာမည်တစ်ခုဖြစ်တဲ့ Jackie Chan Film and Television Academy of the Institute of Design and Sciencesရဲ့ ကျောင်းအုပ်ကြီးရာထူး ထပ်မံ ဝင့်ကြွားနိုင်ခဲ့ပါတယ်။ ဒီကျောင်းကို မေလ ၂၀ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး Jackie Chan က သူ့ရဲ့ Weibo အကောင့်မှာ အခုလိုရေးထားပါတယ်။ “ကျုပ်တစ်သက်လုံးမျှော်မှန်းခဲ့တဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ ဒီနေ့မှာ ပြည့်သွားခဲ့ပါပြီ” လို့ ဖော်ပြထားပါတယ်။
တရုတ်ရုပ်ရှင်ဇာတ်ကားတွေဟာ နိုင်ငံခြားသားအကူတွေနဲ့ ဒါရိုက်တာတွေ အမြဲတမ်း ငှားလာခဲ့တယ်ဆိုတာ သဘောပေါက်ပြီးတဲ့နောက် ပြည်တွင်းအနုပညာရှင်တွေ မွေးထုတ်ဖို့ အချိန်တန်ပြီဆိုတာ ခံစားလာခဲ့ပါတယ်။ ဒါ့ကြောင့် Jackie Chan ရုပ်ရှင်ကျောင်းတော်ကြီး မွေးဖွားဖြစ်တည်လာခဲ့တာပါ။
သူ့ကျောင်းအဖို့ ည့်ပါမောက္ခတွေအဖြစ် တာဝန်ထမ်းဆောင်ရန် ရုပ်ရှင်သရုပ်ဆောင်မင်းသား Zhang Guoli ရုပ်ရှင်မင်းသမီးLi Bingbing ၊ ဒါရိုက်တာ Feng Xiaogang နဲ့ ဇနီး Xu Fan တို့အပါအဝင် မိတ်ဆွေတချို့ကို သူဖိတ်ကြား ခဲ့တယ်လို့ Jackie Chan က ဆိုပါတယ်။ စာသင်ခန်းထဲမှာသာ မဟုတ်ဘဲ ရိုက်ကွင်းဆက်တွေမှာပါ ကျောင်းသားတွေကို သင်ကြားပေးဖို့ ရုပ်ရှင်ထုတ်လုပ်သူတွေတောင် ငှားဖို့ စီစဉ်နေပါတယ်။
လက်ရှိ ဒီကျောင်းအနေနဲ့ animation။ performance နဲ့ digital media မှာ undergraduate program တွေ ပေးသွားမှာဖြစ်ပြီး ပြည်ပနဲ့ exchange program တွေလည်း စီစဉ်ပေးမှာဖြစ်ပါတယ်။
Ref:shanghaiist
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment