အွန်လိုင်းကဖြန့်မယ့် R ဇာနည်ရဲ့ သီချင်းသစ် ‘အိပ်မက်ရင်းစောင့်’



တေးသံရှင် R ဇာနည်က သင်္ကြန်ကာလပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်အနှံ့ ဖျော်ဖြေပွဲတွေနဲ့ အလုပ်များနေပြီး ဇွန်လထဲမှာလည်း အမေရိကကို ရန်ပုံငွေဖျော် ဖြေပွဲသွားဖို့ရှိကာ ဒီပွဲသွားဖို့အတွက် ဗီဇာမဝင်ရသေးဘူးလို့လည်းသိ ရပါတယ်။” အဲဒါ တချို့က အွန်လိုင်းမှာ ပြောကြတာက အဆိုတော်တွေ ဗီဇာမရလို့ ပွဲပျက်တယ်တို့ဘာတို့တက်လာတယ်။ တကယ်တမ်းက ဗီဇာရတာ၊ မရတာမဟုတ်ဘူး။ ကျွန်တော်တို့တွေက ဗီဇာမဝင်ရသေးတာ။ ပြီးတော့ ဟိုဘက်က စီစဉ်စရာလေးတွေလည်း ကျန်နေသေးတော့ ဒီဘက်ကဗီဇာကို မဝင်ရသေးဘူး။ အဲဒီတော့ ဒီပွဲက ဘယ်တော့လောက်ပြန်ဖြစ်မလဲတော့ သေချာမသိသေးဘူး” လို့ R ဇာနည်ကပြောပါတယ်။ R ဇာနည်က မေလကုန်မှာတော့ သူ့ရဲ့အသစ်ထွက်ရှိမယ့် စီးရီးထဲက သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်းကတစ်ဆင့် စတင်ဖြန့်ချိမယ်လို့လည်း သိရပါတယ်။ ဒီသီချင်းကိုတော့ ရေမွန် (idiots) က ရေးထားတာဖြစ်ပြီး “အိပ်မက်ရင်းစောင့်” လို့ အမည်ရတယ်လို့ သိရပါတယ်။
” အခွေထဲက သီချင်းအားလုံးကို ကြိုက်တယ်။ ဒီသီချင်းလေးကိုတင်ဖြစ်တာက ဒီသီချင်းက The Trees တီးဝိုင်းနဲ့ ပြည်ပသွားတုန်းက သုံးပေါင်ကလည်း ရိုက်ပေးထားတဲ့ သီချင်းဖြစ်တယ်။ ဆိုထားပြီးသားလည်းရှိတယ်။ အရုပ်ရိုက်ထားပြီးသားလည်းရှိတော့ ဒါကို Myanmar music store ကနေဖြန့်မယ်။ MTV ကိုလည်း You Tube မှာတင်မယ်။ ဒီလကုန်ပိုင်းထဲမှာ တင်ဖြစ်မှာပါ” လို့ Rဇာနည်ကပြောပြပါတယ်။ Rဇာနည်ရဲ့ စီးရီးသစ်မှာတော့ တေးရေးတွေက တစ်ပုဒ်ကိုတစ်ယာက်စီရေးပေးထားပြီး လူကြီးလူငယ် အရွယ်စုံ တေးရေးတွေက ရေးပေးထားပါတယ်။ ဒီစီးရီးသစ်မှာတော့ သီချင်း ၁၁ ပုဒ်ဝန်းကျင်ပါရှိမှာဖြစ်ပြီး သီချင်းပုဒ်ရေကိုတော့ စီးရီးထွက်ခါနီးမှ အတိအကျသိရတော့မယ်လို့လည်း R ဇာနည်ကပြောပါတယ်။ R ဇာနည်က လတ်တလောမှာထွက်ရှိလာတော့မယ့် Single သီချင်း “အိပ်မက်ရင်းစောင့်” နဲ့ ပတ်သက်ပြီးလည်း ” ဒီသီချင်းလေးကတော့ တွတ်ပီ (ရေမွန်) လက်ရာအချစ်သီချင်းလေးပါ။ တွတ်ပီနဲ့ကလည်း သူငယ်ငယ်လေးကတည်းက အစ်မခင်မြတ်မွန်တို့ နဲ့ ပွဲတွေလည်းဆိုလာခဲ့တာဆိုတော့ သူနဲ့က ရင်းနှီးပြီးသား။ သူ့ကိုလည်း ကြိုက်သလို သူ့ပရိသတ်လည်းဖြစ်တော့ သူ့ကိုသီချင်းတစ်ပုဒ်တောင်းဖြစ်တယ်။ အဲဒီသီချင်းလေးကို အွန်လိုင်းမှာအရင်တင်မှာပါ။ ပရိသတ်ကြီးလည်းအားပေးစေချင်ပါတယ်” လို့ R ဇာနည်ကပြောပြခဲ့ပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment