Palmyra ဒေသခံ ၂၁၇ ဦးကို IS သတ်ဖြတ်


ရာမဒီမြို့က ဆူနီလူမျိုးတွေ ဘက်ဒက်မြို့ကို ထွက်ပြေးလာစဉ် (Credit: Reuters) 
ဆီးရီးယားနိုင်ငံရဲ့ ​ရှေးဟောင်းမြို့ဖြစ်တဲ့ ​Palmyra ​မြို့ကို ​IS ​အဖွဲ့က ​သိမ်းပိုက်ပြီး ​ရက်ပိုင်းမှာပဲ ​လူပေါင်း ​၂၁၇ ​ယောက်ကို ​IS ​က ​သတ်ဖြတ်ခဲ့ပြီး ​သေဆုံးသူတွေထဲမှာ ​အမျိုးသမီးနဲ့ ​ကလေးတွေ ​ပါဝင်တယ်လို့ ​သိရပါတယ်။

အသတ်ခံရသူထဲက ​သုံးပုံတစ်ပုံက ​ပြည်သူတွေ ​ဖြစ်ပြီး ​တခြား ​အသတ် ​ခံရတဲ့လူတွေကတော့ ​ဆီးရီးယား ​စစ်သားနဲ့ ​ဆီးရီးယား ​အစိုးရကို ​ထောက်ခံတဲ့ ​လက်နက်ကိုင် ​အဖွဲ့ဝင်တွေ ​ဖြစ်တယ်လို့ ​Syrian ​Observatory ​for ​Human ​Rights ​အဖွဲ့က ​ပြောပါတယ်။

တချို့ကို ​သေနတ်နဲ့ ​ပစ်သတ်ပြီး ​တချို့ကိုနဲ့ ​ဓားနဲ့ ​ထိုးသတ်တာတွေ၊ ​လည်လှီးသတ်တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မိဘနှစ်ပါးနဲ့အတူ ​ကလေးတွေလည်း ​သတ်ဖြတ်ခံရတာတွေ ​ရှိတယ်လို့ ​ဆိုပါတယ်။

မေလလယ်နောက်ပိုင်းမှာ ​အသတ်ခံကြရတာ ​ဖြစ်ပြီး ​အဲဒီဒေသတဝိုက်က ​လူပေါင်း ​၆၀၀ ​လောက်ကိုလည်း ​IS ​အဖွဲ့က ​ဖမ်းဆီးထားတယ်လို့ ​သိရပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ​ရှေးဟောင်းမြို့ဖြစ်တဲ့ ​Palmyra ​ကို ​IS ​က ​သိမ်းပိုက်ထားသလို ​အီရတ်နိုင်ငံက ​အဓိက ​မြို့ ​တစ်မြို့ဖြစ်တဲ့ ​ရာမာဒီမြို့ကိုလည်း ​သိမ်းပိုက်ထားပါတယ်။

ရာမာဒီမြို့က ​လူပေါင်း ​ငါးသိန်းခွဲ ​ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment