ရုပ်ရှင် အရေး၊ ရုပ်ရှင် မြို့တော်၊ အကယ်ဒမီပေးပွဲ အကြောင်းအရာတွေ နဲ့ လူမင်း


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ၊ နာမည်ကျော် အနုပညာရှင် အကယ်ဒမီ လူမင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းက ပြင်သစ်နိုင်ငံ ကို သွား ရောက် ပြီး ပြင်သစ်နိုင်ငံ သား နာမည် ကျော် ဒါရိုက်တာ Mr.Dominque Farrugia နဲ့ သွားရောက် တွေ့ဆုံပြီး ရုပ်ရှင်အရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီခရီးစဉ် မှာ တွေ့ကြုံ ခဲ့ရတဲ့ ဗဟုသုတနဲ့ ခရီးသွား အတွေ့အကြုံ တွေ အပြင် အကယ်ဒမီ ဇာတ်ကား စာရင်းတွေ ထွက်ပေါ်နေတဲ့ ကိစ္စ၊ မြေဧက ၂ဝဝ အထိ ရရှိထားပြီး နယ်နိမိတ် သတ်မှတ်ကာ အစည်း  အ ရုံးပိုင်မြေ အဖြစ် ပြုလုပ်နေပြီဖြစ် တဲ့ ရုပ်ရှင်မြို့တော် အကောင် အထည်ဖော်မယ့် ကိစ္စရပ် စတာတွေ ကို ရုပ်ရှင် ဥက္ကဋ္ဌဦးလူမင်း နဲ့ တွေ့ဆုံ ခိုက် စုစည်း မေးမြန်းတင်ဆက်ပေး လိုက်ပါတယ်။
ဥရောပနိုင်ငံသားဆိုတိုင်း အထင် မကြီးပါနဲ့
 ပြင်သစ်မှာ ခါးပိုက်နှိုက် ခံလိုက် ရတဲ့ကိစ္စဟာ ရယ်စရာဖြစ်စဉ်လေး တစ်ခုလို့ သဘောထား လိုက်လည်း ရပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကိုယ် တိုင်ဆိုရင် လည်း နောက် ထပ် သင်ခန်း စာတော့ ထပ် ရသွားတယ်။ အဲဒါဘာ လဲဆိုရင် အာရှက လူတွေက အနောက်တိုင်း ဥရောပကိုသွား တဲ့အခါ အထင်ကြီး စိတ်က အလိုလို ကို ရှိနေတတ် တယ်။ အဲဒါဟာလည်း အထင်ကြီးစရာတွေ နဲ့ ပြည့်နှက်နေလို့ ပါ။ အဲဒီတော့ ရုပ်ဝတ္ထု ပစ္စည်းတိုး တက်မှုတွေ နဲ့အတူ လူတွေကိုပါ မသိ စိတ်မှာ အထင်ကြီးနေ တတ် တယ်။ အဲဒီစိတ် အခြေခံကြောင့်ပဲ။ အစ်ကို ဖြစ်တာ ဆိုရင်လည်း အဲဒီလိုစိတ် ကြောင့်ပါတယ်။ ပတ်ဝန်းကျင်ကို သတိမထားမိတာပေါ့။ အဓိကက အစ်ကို ခါးပိုက် မနှိုက် ခံရခင်ဖြစ်နေတဲ့ စိတ်လေး တစ်ခုက ပြင်သစ်မှာ ည ၉ နာရီခွဲအထိ မမှောင်တာ နေ့တာရှည်တာ ကို ဓာတ်ပုံ ရိုက်ပြီးတော့ ပြန်ရောက် ရင် ကိုယ့်ပရိသတ်တွေ သိအောင် တင်ဦးမှပဲ ဆိုတဲ့စိတ်နဲ့ ဓာတ်ပုံရိုက်ရင်း နဲ့ ဆေးလိပ် ထွက်သောက်တာ အဲဒီအချိန်မှာ လူတစ်ယောက်က လာပြီးတော့ မိတ်ဆက်တယ်။ ပြင်သစ် တချို့က အင်္ဂလိပ် စကားပြော မကောင်းဘူး။ မပီတပီနဲ့ လာ မိတ်ဆက်တယ်။ အာရှက လူတွေအကြောင်း၊ ဖိုက်တင်တွေ ဘယ်လို ကောင်းကြတယ် ဆိုတာ ပြောရင်း စက္ကန့်ပိုင်းလေး အတွင်းမှာ ထွက်သွားတယ်။ အေးဆေးပဲ။ အဲဒီအချိန်မှာ ကိုယ်နှိုက် ကြည့်လိုက်တော့ အိတ်ထဲမှာ ဖုန်းမရှိ တော့ဘူး။ ဘာလို့ကိုယ် ကလည်း ချက်ချင်း သိလဲဆိုတော့ မမှောင်သေးတာကို ဓာတ်ပုံရိုက်ချင်လို့ ထွက် လာတာကိုး။ ဖြစ်စဉ်ကတော့ အဲဒါပဲ။
ဒီဟာကို ခြုံငုံကြည့်ရင် ပြင်သစ်လို နိုင်ငံဟာ စရောက်ကတည်းက သတိထား မိတာက အလုပ်သမား အင်မတန် နည်းပါးတယ်။ လူတွေရဲ့ စွမ်းအား ကို တန်ဖိုးထား ကြတာ ကို တွေ့ရတယ်။ လုပ် အားတွေကို ချွေတာကြတယ်။ လိုအပ်တာ ထက် ပိုမသုံးကြဘူး။ အဲဒီလိုပဲ လုံခြုံရေး အင်အားလည်း နည်းတာ ကို တွေ့ရတယ်။ အမှိုက် လိုက် သိမ်းနေတဲ့သူ မတွေ့ရသလို အမှိုက်ပစ်တဲ့သူ လည်း မရှိဘူး။ မနက်အစောကြီး ကျမှ အမှိုက် ကားတွေက အမှိုက်ပုံး လှည့်သိမ်း တာကို တွေ့ရတယ်။ လုံခြုံရေး ပိုင်းကတော့ လုံလောက်တဲ့ အနေအထားမျိုး မရှိဘူး လို့ထင်တယ်။ ပြင်သစ် ဆိုတာ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီ ကားကြီးရှိ တယ်။ ဗီးနပ်စ် ရုပ်တုကြီး ရှိ တယ်။ ပြ တိုက်တွေ ရှိတယ်။ နပိုလီယံ အထိမ်းအမှတ် ဂိတ်တံခါးကြီးတွေ ရှိတယ်။ အီဗယ် တာဝါကြီး တွေရှိတဲ့နေရာ ဆိုတော့ ကမ္ဘာလှည့် ခရီးသွားတွေ တအားများတယ်။ အဲဒါကို အလစ်ချောင်း အခွင့်ကောင်းယူ နေတဲ့ အလစ်သမားတွေဟာလည်း အများကြီးရှိနေတယ်။ အဲဒီအချက်ကို သတိမထားလိုက်မိခဲ့ဘူး။ အဲဒီတော့ ပြောချင် တာက လူတိုင်း ကို မယုံဖို့ သတိထားသင့်တယ်။ တခြားနည်း လမ်းတွေ ရှိနေနိုင်သေးတယ်။ အဲဒီဖြစ်စဉ်ကို အစ်ကို့မိတ်ဆွေ ပြင်သစ် တစ်ယောက် ကိုပြောပြတော့ အဲဒီလူက အေးဆေး သွား မှာပေါ့တဲ့။ လိုက်လို့ မင်းမီခဲ့တယ် ဆိုရင်တောင် မလိုက် သွားရဘူးတဲ့။ မျှားခေါ် သွားပြီးတော့ သူတို့ခွင်ထဲ ရောက်သွား ရင် အကုန်ချွတ် ယူသွားလိုက်မှာတဲ့။ အဲ ဒီတော့ အခု အစ်ကိုတို့ နိုင်ငံက သူတွေလည်း ခရီးသွားတဲ့ အလေ့အထဟာ အတော် လေးကျင့်သား ရလာကြပြီ ဆိုတော့ အဲဒါလေးတွေကို သတိ ထားသင့်တယ်။ အဓိက ကတော့ သတိ မလစ်မိဖို့ပဲ။ ကမ္ဘာ လှည့် ခရီးသွားအများစုလာတဲ့ နေရာ၊ ခရီးသွား အများစုရှိ နေတဲ့ နေရာမှာ အဲဒီလူတွေကို ပစ်မှတ် ထားတဲ့ မသမာတဲ့ လူတွေ ဟာ ရှိနေမှာပါပဲ။ အဲဒါတွေကို ဆင်ခြင်ရပါမယ်။ မဖြစ်ရင်တော့ ဘာမှ မဖြစ်ပေမယ့် ဖြစ်ခဲ့ပြီ ဆိုရင်တော့ သူ တစ်ပါး တိုင်းပြည်ဖြစ်နေတဲ့ အတွက် ဘာမှ လုပ်ကိုင်လို့ ရနိုင်မှာ မဟုတ်ပါဘူး။
ပြင်သစ်နိုင်ငံက နာမည်ကျော် ဒါရိုက်တာ Mr.Dominque Farrugia နဲ့ ရုပ်ရှင်အရေး ပြောခဲ့ သမျှ
 ပြင်သစ်မှာ ရုပ်ရှင် အကြောင်း အရာနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ပါတယ်။ အဓိက ကတော့ ဒီကို လာသွား တဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာ သရုပ်ဆောင် ကြီး Dominque ဆီကိုသွားတော့ သူဟာပြင်သစ် ရုပ်ရှင်လောက မှာ အတော်ကို သြဇာ အရှိန်အဝါ ကြီးမားတဲ့ သူတစ်ယောက် ဖြစ်နေတယ်။ ဒါရိုက်တာ၊ ထုတ်လုပ်မှု စတဲ့ အလုပ်တွေကို လုပ်တဲ့အပြင် စတူဒီယို အကြီးကြီးတွေကိုလည်း အများကြီး ပိုင်တယ်။ ရုပ်ရှင် သင်တန်းကျောင်းကြီးတွေ လည်းရှိတယ်။ အဲဒါကြောင့် စတူဒီယိုတွေ ကို အစ်ကို လေ့လာခဲ့တယ်။ ပြင်သစ် ရုပ်ရှင် လောကထဲက ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ သရုပ် ဆောင်တွေ နဲ့ တွေ့ဆုံခွင့် ရခဲ့ ပြီးတော့ ရုပ်ရှင် အရေး အ တွက် ဆွေးနွေး ခဲ့တယ်။ သူတို့တော်တော် များများ အကုန်လုံးဟာ မြန်မာနိုင်ငံ ကို စိတ်ဝင်စား ကြတဲ့ အပြင် မြန်မာ့ အနုပညာ ကိုလည်း စိတ်ဝင်စားကြ တယ်။ Dominque ကြီး ကိုယ်တိုင်က အစ်ကိုတို့နဲ့ ပူးပေါင်း ဆောင်ရွက်ချင် စိတ်ရှိနေတယ်။ အနာဂတ် မှာတော့ ဖြစ်လာနိုင်စရာ မျှော်လင့်ချက်တွေ အများ ကြီး ရလာ ပါတယ်။ ရုပ်ရှင်ဇာတ်ကား ပူးပေါင်း ရိုက်ကူးဖို့တွေ အတွက်လည်း ဆွေးနွေးခဲ့ပါတယ်။
ရုပ်ရှင် မြို့တော် ရုပ်လုံးပေါ်ဖို့ဆိုရင်
 ပြင်သစ် ဒါရိုက်တာ သရုပ်ဆောင်ကြီး Dominque နဲ့ အစ်ကို တွေ့ဆုံ စဉ် ရုပ်ရှင်မြို့တော် တည်ဆောက် ရေး အတွက် အကြံဥာဏ်ကို အကြမ်း ဖျင်းလောက် ပဲ ဆွေးနွေး ဖြစ်ခဲ့တယ်။ အသေးစိတ်တော့ မဆွေးနွေးဖြစ်ခဲ့ ဘူးပေါ့။ ခက်တာက အစ်ကိုတို့ တိုင်း ပြည် အခြေအနေနဲ့က အားနည်းနေ တဲ့ သဘောပေါ့။ မြေနေရာကြီး ရှိ နေပြီး သူတို့လိုမျိုး စတူဒီယိုကြီးတွေ၊ သင်တန်းကျောင်းကြီးတွေ တည်ဆောက် ဖို့ အရင်းအနှီး လိုတယ်။ အရင်းအနှီး ဆိုတာကလည်း ဝင်ငွေပြန် ရနိုင်တဲ့ လုပ်ငန်း မျိုးရှိမှလည်း ရင်းနှီးနိုင်မှာ လေ။ ဒီအတိုင်း သက်သက်ကြီး ရုပ်ရှင် လောကကို ချစ်လို့ဆိုပြီးတော့ ဒေါ်လာ ကို ဘီလီယံ နဲ့ချီပြီးတော့ ဒီဟာ တည်ဆောက် ဖို့ကို လာလှူရမှာ မဟုတ်ဘူး။ ပြောရရင် Give and take သဘောပေါ့။ ဒီဟာကို တည်ဆောက် ပြီးတော့ ရင်းနှီးမြှုပ်နှံပြီး ဝင်ငွေ ပြန် ရနိုင်မယ့် အနေအထား ကို ပြန်ဖန် တီးနိုင်ဖို့ လိုအပ် ပါတယ်။
ရုပ်ရှင်မြို့တော် ကို ရုပ်လုံးဖော် တည်ဆောက်နိုင်ဖို့ ဘယ်တော့လောက် ဖြစ်လာ မလဲဆိုတဲ့ အခြေအနေ ကို အစ်ကို မပြောနိုင်သေးဘူး။ ဖိုက်တင် ကား ရိုက်ချင်လို့ တဲလေး တစ်လုံး ဆောက်လိုက်၊ တစ်ခု ဆောက်လိုက် နဲ့ တော့ လုပ်လို့မရဘူး။ ဧက ၂ဝဝ ဆို ရင် ဧက ၂ဝဝနဲ့ ပတ်သက်တဲ့ Master Plan ကြီးကို ထွက်နေရမယ်။ ဘယ် နေရာ ကလမ်း၊ ဘယ်နေရာက ရေ ကန်၊ ဘယ်နေရာက ရိုက်ကွင်း၊ ဘယ် နေရာကလည် ပတ်စရာနေရာ အစ ရှိသဖြင့် စလုပ် ကတည်းက စနစ် တကျလုပ်ဖို့ လိုတယ်။ စလုပ်ကတည်း က စနစ်တကျ လုပ်မှ နောက်ပိုင်းမှာ စနစ် ကျမှာ။ နည်းနည်းလေး ထလုပ် လိုက်၊ မလုပ်နိုင် ရပ်လိုက် သွားနေ ရင်တော့ ဒီဟာက ဖွံ့ဖြိုး တိုးတက် တယ် ဆိုရင်တော့ စနစ်တကျ ဖွံ့ဖြိုး တိုးတက်တာမျိုး မဟုတ်တော့ဘူး။ အဲဒီတော့ အချိန်အခါကောင်းကို တော့ စောင့်ဖို့ လိုအပ်ပါသေးတယ်။ ဒီဟာ အပေါ်ကို တကယ် စိတ်ဝင်စား ပြီးတော့ လုပ်နိုင်ကိုင်နိုင် ရင်းနှီးမြှုပ် နှံနိုင်တဲ့ နိုင်ငံခြား တိုင်းပြည်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်းရှင် ပဲဖြစ်ဖြစ် ရင်းနှီး မြှုပ်နှံမယ် ဆိုရင်တော့ နှစ်ပိုင်း အတွင်း ဖြစ်သွားနိုင် တယ်။ အဲဒီလို မတွေ့သေး သရွေ့တော့ ရုပ်ရှင်မြို့တော် ရုပ်လုံးပေါ် ဖို့ဆိုတာ ပြောဖို့ ခက်နေပါသေးတယ်။
အကယ်ဒမီ နှစ်နှစ်ပေါင်းပေးမယ့် ကိစ္စ
ပွဲကျင်းပရေး အတွက် ဒီနှစ်မှာ တော့ အမှုဆောင် အစည်းအဝေးလုပ် တော့ ၂နှစ်ပေါင်း ကျင်းပဖို့ ဆွေးနွေး ထားတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အစ်ကို တို့ ရုပ်ရှင်ဟာ တစ်နှစ်နောက်ကျနေ တယ်လေ။ အကယ်ဒမီ ကို ဒီနှစ်မှ မပေါင်းရင် နောက်နှစ်တွေ ဆိုရင် ပေါင်းပေးဖို့ ပိုခက်ခဲ လာလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ် ၂ဝ၁၄နဲ့ ၂ဝ၁၅ ဇာတ်ကား အရေအတွက်ဟာ နည်းနေသေးတယ်။ ၂ဝ၁၆မှာ ဒီထက်များလာ နိုင် တော့ လုပ်ရကိုင်ရ ပိုခက်ခဲ လာနိုင်တယ်။ ပွဲကျင်းပမယ့် အချိန်ကို လည်း နောက် ကို တစ်လ၊ နှစ်လ ဆုတ်ရလိမ့်မယ်။ အဲဒါက ၂နှစ်ပေါင်း ပေးဖြစ်ခဲ့ ရင်ပေါ့။ အဲဒါကို အဓိက ကတော့ အကယ်ဒမီ အဖွဲ့ ဝင်တွေ ဆွေးနွေးပြီးတော့ ဒီ ၂နှစ် ထဲမှာ ပါဝင် တဲ့ ဇာတ်ကား ပိုင်ရှင်တွေရဲ့ သဘောထား ရယူပြီး တော့မှ ဒီဟာကို ဆုံးဖြတ်ပြီး ဆောင်ရွက်မှာပါ။
ဝေဖန်မှု ပြင်းပြင်းထန်ထန် ခံထားရတဲ့ဆု ရွေးချယ်ရေးအဖွဲ့ကိစ္စ
အကယ်ဒမီ ဆုရွေးချယ်ရေး အဖွဲ့ အနေနဲ့ ကတော့ သေချာတာ က တော့ မနှစ်က ဝေဖန်မှုတွေ ပြင်းထန် ခဲ့တော့ ဒီနှစ်မှာတော့ လုပ်ချင် ကိုင်ချင်စိတ် ရှိတဲ့ သူနည်းပါ လိမ့်မယ်။ လုပ်ရ ကိုင်ရတာလည်း ခက်ခဲပါလိမ့် မယ်။ ဒါပေမဲ့ ရအောင်တော့ ဖြတ်ကျော် လုပ်ကိုင် သွားရမှာ ပေါ့။ ဒီနှစ်မှာတော့ မကြေ ညာခင်က တည်းက ဘယ်လိုပုံစံ မျိုးနဲ့ လုပ်မယ် ဆိုတာကို ကြိုပြော၊ ကြိုတင် ကြေညာတာလေး လုပ်ဖို့တော့ စဉ်းစားထားပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment