
ရခိုင်တိုင်းရင်းသူ အဆိုတော်မလေး ရတနာမိုင်က ရခိုင်လူမျိုး တစ်ယောက် အနေနဲ့ ကိုယ့်လူမျိုး အကျိုးရှိစေမယ့် အရာတွေမှာ မိမိ တတ်စွမ်းသမျှ ပါဝင် လုပ်ဆောင် သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
“အရင့်အရင် ကလည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ သာရေး၊ နာရေး၊ အစစ အရာရာ အားလုံးကို တစ်တပ် တစ်အား ပါဝင်ပြီးတော့ ကူညီခဲ့တယ်။ နောင်လည်း ရခိုင် လူမျိုး တစ်ယောက် အနေနဲ့ ကိုယ့်လူမျိုး အကျိုးရှိစေမယ့် အရာတွေမှာ ပါဝင် လုပ်ကိုင် သွားပါမယ်” လို့ ရတနာမိုင်က ပြောပါတယ်။
ဇွန်လ ၂ရက်နေ့ (ရခိုင် အမျိုးသားနေ့) က အမျိုးသားက ဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ရခိုင် အမျိုးသားနေ့ ပွဲတော်မှာ ရခိုင်တေးသီချင်း များနဲ့ ပါဝင်ဖျော်ဖြေ ခဲ့တဲ့ ရတနာမိုင် က “ရခိုင်အမျိုးသားနေ့ ဆိုပြီး ကျင်းပလာ တာ ဒုတိယ အကြိမ်မြောက်ပေါ့။ ကိုယ့်ရခိုင် အမျိုးသားတွေကို စည်းစည်းလုံးလုံး နဲ့ တွေ့ရတဲ့ အတွက် မိုင်လေး အနေ နဲ့ ပျော်တာပေါ့နော်။ ဖျော်ဖြေခွင့် ရတဲ့ အတွက်ကြောင့်မို့ လို့လည်း အများကြီး ပီတိဖြစ်တယ်။ အများကြီးလည်း အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်။ လူကြီးတွေ ကလည်း လက်ကမ်း ကြိုတယ်။ မိုင်လေး အနေနဲ့ကလည်း ဒီလိုပွဲ မျိုးကို ဖျော်ဖြေခွင့် ရတဲ့ အတွက် ပီတိဖြစ်တယ်။ ဂုဏ်လည်း ယူပါတယ်”လို့ ပြောပါတယ်။
“ဂွတ်နိုက် ချစ်သူ” တေးစီးရီး ဒီဗီဒီနဲ့ ပတ်သက်လို့ ပရိသတ် အားပေးကြတဲ့အတွက် အနုပညာ အလုပ်တွေ ဆက်လုပ်ဖို့ ခွန်အားတွေ များစွာဖြစ်မိကြောင်း၊ ပရိသတ်ကို လည်း ကျေးဇူး တင်ကြောင်းပြောတဲ့ ရတနာမိုင် က “မိုင်လေး စတုတ္ထ စီးရီး အတွက်ကို စီစဉ်နေတယ်။ သီချင်းတွေ လည်း စုနေတယ်။ အဲဒီ စီးရီးအတွက် ကတော့ မိုး အကုန်လောက် ဖြန့်နိုင်အောင်၊ ပရိသတ် လက်ထဲ ထည့်နိုင်အောင် ကြိုးစားသွားမယ်။ ဒီကြားထဲမှာ ဗီဒီယို ဇာတ်ကား ရိုက်ဖို့လည်း ရှိပါတယ်” လို့ ရတနာမိုင် က ပြောပြ ခဲ့ပါတယ်။ ရတနာမိုင်က “မချစ်လို့ မဖြစ်”၊ “ပ ဖ ဘ ဗ မ”၊ “ပုံရိပ်များ” စတဲ့ စီးရီးသုံးခွေလည်း ထွက်ရှိထားပြီးဖြစ်ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
0 comments:
Post a Comment