“ဘုရား ရှိခိုးတိုင်း သရဏဂုံ ဂုဏ်တော်ကို ယုံယုံကြည်ကြည် ရွတ်ဖတ် ပူဇော် ကန်တော့တဲ့ ဆုပန်ထွာ”



မြန်မာ အမျိုးသမီးတွေဟာ မိရိုးဖလာ ယုံကြည် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာ အပေါ် တန်ဖိုးထား အလေး အမြတ်ပြု ကြသလို မနက်ခင်း အိပ်ရာထချိန် မှာ ဆွမ်းဘောဇဉ် ခဲဖွယ်၊ ပန်း၊ ဆီမီး၊ ရေတို့ ကပ်လှူကာ ပူဇော် ရှိခိုးကြပြီး အိပ်ရာ ဝင်ချိန် မှာလည်း ဓမ္မဂုဏ်တော် ရွတ်ဖတ် သဇ္ဈာယ် ကြလေ့ ရှိကြပါတယ်။
အဲဒီလို ဗုဒ္ဓမြတ် ဘုရားကို ပူဇော် ကန်တော့ကာ စိတ်မှာ အောက်မေ့ခြင်းကား မွန်မြတ်တဲ့ ကုသိုလ် အလှူဒါနတစ်ခုလို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က စိတ်သန္တာန်ထဲ မှာ စွဲမှတ် ယုံကြည် ထားကြပါတယ်။ ဒါကြောင့်မို့ ဒီတစ်ပတ် မှာတော့ အနုပညာရှင် တစ်ဦး ဖြစ်တဲ့ ဆုပန်ထွာ ရဲ့ နေ့စဉ် မိမိ နေအိမ် ဘုရားရှင်ရှေ့မှာ ပူဇော် ကန်တော့ ပန်းဆင် ကြပုံ နဲ့ ဘုရား ဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ ဂုဏ်တော် ကျေးဇူးသိမြင်ပုံ အကြောင်း မေးမြန်းဖော်ပြ လိုက်ပါတယ်။
► သရဏဂုံဂုဏ်တော် နေ့စဉ်ရွတ်ဖတ်တယ်
“ကျွန်မ သရဏဂုံ ရွတ်တာလေး က ဆယ်နှစ်ကျော် သွားပါပြီ။ ကျွန်မ မျက် လုံးနှစ်လုံး ဖွင့်တာ နဲ့ သရဏဂုံ လေးရွတ်တယ်။ ကျွန်မ ဘာလုပ်လုပ် တစ်မနက်လုံး ကျွန်မရေသောက်တဲ့ အချိန်လေးမှာတောင် သတိတရနဲ့ ရွတ်ဖြစ်တယ်။ ဒါကို ကျွန်မညာပြီး ပြောတာ မဟုတ်ပါဘူး။ ဘုရားတရား အလုပ်ကို ညာပြီး ပြောရင်လည်း ငရဲကြီးမှာလေ။ ဒီသရဏဂုံလေးကို ရွတ်ခဲ့တာ ဆယ်နှစ်ကျော်သွားပြီ။
 သရဏဂုံ ဂုဏ်တော်ကိုဖေ့စ်ဘုတ်ပေါ်တင်ပေးတယ်
“အခုနောက်ပိုင်း ဖေ့စ်ဘုတ် တွေ သုံးကြတဲ့အခါ မှာလည်း လူတိုင်း တော်တော် များများက ဘုရားပုံလေး တွေ လိုင်းပေါ်တင်ကြတယ်။ ကျွန်မ တို့ အနုပညာရှင်တွေ ထဲမှာ လည်း မနက်တိုင်း ဘုရားပုံလေးတွေ တင် ပေးတဲ့သူတွေ ရှိတယ်။ ကိုယ်မဖူးရ သေးတဲ့ ဘုရား ပုံတော်လေးတွေကို ဖူးရတယ်။ အဲဒါနဲ့ ကျွန်မလည်း မနက်တိုင်း ရွတ်ဖြစ် တဲ့ ဒီသရဏဂုံ လေးကို ကျွန်မ မနက်တိုင်း တင်ပေး ဖြစ်တယ်။
သရဏဂုံဂုဏ်တော်ရွတ်ဖတ်ခြင်းအကျိုးကျေးဇူးများ
သရဏဂုံလေးက တအားလည်း လွယ်တယ်။ လူတိုင်းလည်း ရွတ် ဖတ် နိုင် တယ်။ အပန်းလည်း မကြီးဘူး။ အဲဒီတော့ ကျွန်မရွတ်တဲ့ ကျွန်မ တင်တဲ့ သရဏဂုံလေးကို ကြည့်မြင်ပြီး ပရိသတ် တွေ တစ်ခေါက်လောက် ပဲ ရွတ်ဖြစ် ရုံနဲ့ အဲဒီလူ တစ်ယောက်က သရဏဂုံ တည်သွားပြီ။ အဲဒီအတွက် ကောင်း ကျိုးချမ်းသာ ကုသိုလ်တွေ ရသွား မယ်လို့ ကျွန်မမျှော်လင့်တယ်။ ဒါန ကုသိုလ်လေးပါ။ ကျွန်မ မနက်တိုင်း တင်ပေးဖြစ်တယ်။ အမြဲတမ်း လည်း ရွတ်တယ်။ အားလုံး ကို ရွတ်စေချင် ပါတယ်။ အိပ်မက် ဆိုးတွေ နဲ့ လည်း ကင်းဝေးတယ်။ ကျွန်မရဲ့ ကြောက် စိတ်တွေ ကိုလည်း ဖြေပျောက်စေ တယ်။ အန္တရာယ်တွေလည်း ကင်းစေ တယ်။ ဒီသရဏဂုံ ဂုဏ်တော်တွေ ရွတ် ရတာ လည်း တအားကို ပီတိဖြစ်မိ တယ်။ တအားလည်း ယုံယုံကြည် ကြည် နဲ့ကို ရွတ်ဖြစ်ပါတယ်”
လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment