ဆေးခြောက် ရဲ့ စွမ်းအင်တွေကို တရား အဖြစ်ဟောပြော ပို့ချမယ့် ပထမဆုံး ဆေးခြောက်ဘုရားကျောင်း


ဆေးခြောက် ရဲ့ ရောဂါကုသနိုင်တဲ့ စွမ်းအင်တွေကို တရား အဖြစ်ဟောပြော ပို့ချမယ့် ပထမဆုံး ဆေးခြောက်ဘုရားကျောင်း ဟာ ခေတ်ဆန်တဲ့ ဓမ္မသီချင်းတွေကို ဖြန့်ချိခွင့် ရရှိသွားပါပြီ။
အသက် ၅၉ နှစ်ရှိနေပြီဖြစ်တဲ့ Bill Levin ဟာ မတ်လ ၂၆ ရက်နေ့က ထို ဘုရားကျောင်းကို စတင်တည်ထောင်ခဲ့ပြီး အသင်းဝင် အယောက် ၇၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
“Cannaciterians” လို့ အမည်ပေးထားတဲ့ ထို ဘာသာရေး အသင်းဟာ သူတို့အနေနဲ့ အခြား အဖွဲ့ဝင်တွေနဲ့ ချိတ်ဆက် နိုင်ဖို့အတွက် ဆေးခြောက်သောက်ကြတယ်လို့ ဆိုပါတယ်။ အသင်းဝင်တွေဟာ ၁၂ လစာ အသင်းဝင်ကြေးအဖြစ် ဒေါ်လာ ၅၀ ပေးကြရပြီး ဘုရားကျောင်းရဲ့ ရန်ပုံငွေအတွက်တော့ “Holly Rollers” လို့ အမည်ပေးထားတဲ့ rolling Paper တွေကို ရောင်းချ ကြပါတယ်။
ထို ဘုရားကျောင်းမှာတော့ ၀ိုင် အစား ဆေးခြောက်တွေကို အသုံးပြုကြပြီး ဆေးခြောက်ရဲ့ ကမ္ဘာကြီးကို ကုသနိုင်မယ့် အကြောင်း တရား ဟောပြောဖို့ သင်းအုပ်ဆရာ အစား ခေါင်းဆောင်တစ်ယောက် ထားရှိထားတယ်လို့ လည်း သိရပါတယ်။GoFundMe ဆိုတဲ့ အင်တာနက် စာမျက်နှာ တစ်ခုကိုပါ ထူထောင်ပြီးတဲ့နောက်မှာတော့ ထို ဘုရားကျောင်းဟာ ရန်ပုံငွေ စတာလင်ပေါင် ၇၀၀၀ ခန့် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Bill က Yahoo သတင်းဌာနကို့  “ကျွန်ုပ်တို့ဟာ လူတွေကို အဆိပ်ခတ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လူတွေကို ကျန်းမာနေတာ မြင်ချင်တာပါ။ ဆေးခြောက်ဟာ ကမ္ဘာအပေါ်မှာ ကျန်းမာမှု အရှိစေနိုင်ဆုံး အပင်ပါ” လို့ ပြောပြခဲ့ပါတယ်။
ထို ဘုရားကျောင်းဟာ ဆေးခြောက်ရောင်းဝယ်ဖောက်ကားဖို့ မဟုတ်ပဲ ဆေးခြောက်ကို ယုံကြည်သူတွေ လွတ်လပ်စွာ ၊ လုံခြုံစွာ နဲ့ ဘုရားကျောင်းထဲမှာ သောက်သုံးနိုင်ဖို့ပဲဖြစ်တယ်လို့ သိရပါတယ်။ ထိုဘုရားကျောင်း တည်ထောင်ရတဲ့ ရည်ရွယ်ချက် တွေကတော့ လူတိုင်းကို ချစ်ချစ်ခင်ခင် ဆက်ဆံဖို့ ၊ မနက်တိုင်း အပြုံးတွေနဲ့ စတင်နိုင်ဖို့ ၊ လူတွေကို အခကြေးငွေမပါပဲ တတ်နိုင်သမျှ ကူညီဖို့ ၊ ခိုက်ရန်မဖြစ်ဖို့ ၊ အကောင်းမြင်စိတ်ရှိဖို့ ၊ ဆေးခြောက်ဟာ ရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အမှန်တရားတစ်ခု ပြန့်ပွားဖို့ ၊ အင်တာနက်မှာ Troll မလုပ်ပဲ လူလူချင်းလေးစားဖို့ စတဲ့ ရည်ရွယ်ချက်တွေအတိုင်း လိုက်နာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ထို ဘုရားကျောင်းရဲ့ ပထမဆုံး ၀န်ဆောင်မှုကို ဇူလိုင် ၁ ရက်မှာ စတင်မှာ ဖြစ်ပြီး အသင်းဝင်တွေ အတူတကွ ဆေးခြောက်မသောက်ခင်မှာ ထို ရည်ရွယ်ချက်တွေကို အတူတူ ရွတ်ဆိုကြမှာ ဖြစ်ပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment