ဇင်ဘာဘွေတွင် ပြည်တွင်းသုံးငွေ ဖယ်ရှား၍ ငွေကြေးစုံစနစ် စတင်ကျင့်သုံး


ဇင်ဘာဘွေ ဇွန် ၁၂

ဇင်ဘာဘွေနိုင်ငံသည် ငွေကြေးဖောင်းပွမှုကြီးမားစွာ ဖြစ်ပေါ်နေစဉ်ကာလအတွင်း ၄င်း၏ ပြည်တွင်းသုံး ငွေကြေးကို ဖယ်ရှား၍ ငွေကြေးစုံစနစ်ကို စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ပြောကြားသည်။

လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက ငွေကြေး ဖောင်းပွမှု မြင့်တက်လာခဲ့သဖြင့် အမေရိကန်ဒေါ်လာ၊ တောင်အာဖရိက ရန်းကဲ့သို့သော နိုင်ငံခြားငွေကြေးတို့ကို သုံးစွဲလာခဲ့ကြသည်။

ဇွန် ၈ ရက်နေ့မှစ၍ ဇင်ဘာဘွေဘဏ်တွင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာကို ဇင်ဘာဘွေ ဒေါ်လာ ၁၇၅ ကွာဒရီလီယံ (၁၇၅ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ)ဖြင့် လဲလှယ်ရသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ဇင်ဘာဘွေဒေါ်လာ ၃၅ ကွာဒရီလီယံနှုန်းဖြစ်သည်။

ဇင်ဘာဘွေနိုင်ငံသားများသည် စက်တင်ဘာလကုန် မတိုင်မီ ၎င်းတို့၏ ပြည်တွင်းသုံး ဒေါ်လာများကို လဲလှယ်ကြရမည်ဖြစ်သည်။

ငွေကြေးဖောင်းပွမှု မြင့်လွန်းလှသဖြင့် ဈေးဆိုင်များ ၌ ကုန်ပစ္စည်းဈေးနှုန်းများမှာ တစ်ရက်တည်းမှာပင် အကြိမ်ကြိမ် ပြောင်းလဲလျက်ရှိပြီး အခြေခံကုန်စည်များမှာလည်း ရှားပါးလျက်ရှိသည်။

ပြည်သူများသည် ဈေးဝယ်ထွက်လျှင် ငွေများကို လက်တွန်းလှည်းပေါ်တင်၍ တွန်းသွားကြရသည်ဟု ဆိုသည်။

ဇင်ဘာဘွေအစိုးရက နောက်ဆုံးရိုက်နှိပ်သော ငွေစက္ကူ သည် ဇင်ဘာဘွေ ဒေါ်လာ ၁ဝဝ ဘီင်္လီယံတန်ဖိုးရှိ၍ ယင်းငွေစက္ကူဖြင့် ဘတ်(စ်)ကားလက်မှတ်တစ်စောင် ဝယ်ရန်ပင် မလုံလောက်ဟု ဆိုသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment