ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဓားထောက်ခြိမ်းခြောက်၍ ငွေတောင်းသူကို ဖမ်းဆီး


ဓါတ်ပုံ - Yangon Police
ရန်ကုန် ဇွန် ၎

ယာဉ်မောင်း ဦးကျော်မြင့် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးအောင်မြင့်စိုးနှင့် ငွေကောက်(ခ)အသေးလေးတို့ လိုက်ပါလာသော (၅၇)ယာဉ်လိုင်း ခရီးသည်တင်ယာဉ် သည် မေ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း (၈)ထိပ်မှတ်တိုင်အရောက် ခရီးသည်အတင်အချ ပြုလုပ်နေစဉ် ယခင်က အမှတ်(၃၅)မီနီဘတ်စ် ယာဉ်မောင်းလုပ်ကိုင်ခဲ့ဖူးသူ စိုးကြီး (ခ)စိုးမင်းငြိမ်းနှင့် အမျိုးသားနှစ်ဦးတို့ ကားပေါ်သို့ တက်လာပြီး အမျိုးသားနှစ်ဦးက ဦးကျော်မြင့်နှင့် ငွေကောက် (ခ)အသေးလေးတို့အား ဓားဖြင့်ထောက်ကာ စိုးကြီး(ခ)စိုးမင်းငြိမ်းက ''ဒီနေ့ ကားဆွဲလို့ရတဲ့ငွေ အကုန်ပေး၊ မပေးရင်သတ်ပစ်မည်''ဟု ခြိမ်းခြောက်သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့က ငွေကျပ် ၈ဝဝဝဝ ပေးလိုက်ရကြောင်း၊ ဓားထောက်၍ ခြိမ်းခြောက် ငွေတောင်းသွားသူ သန်လျင်မြို့နယ်နေ စိုးကြီး(ခ)စိုးမင်း ငြိမ်းနှင့် အမျိုးသားနှစ်ဦးတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဦးအေးထွန်းသည် မေ ၁၃ ရက် ညနေ ၃ နာရီက ¤င်းယာဉ် နောက်လိုက်အဖြစ် လုပ်ကိုင်သော (၅၇)ယာဉ်လိုင်းခရီးသည်တင်ယာဉ်အား ဂက်စ်ဖြည့်ရန် သာကေတ မြို့နယ်အဝိုင်းထိပ်ရှိ ဂက်စ်ဆိုင်တွင် တန်းစီစောင့်ဆိုင်းနေစဉ် ဓားရှည် နှစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးနှင့် အရိုးအသွား ကိုးလက်မခန့်ရှိ ဓားဦးချွန်ကိုင်ဆောင် ထားသူ အမျိုးသားတစ်ဦးတို့ရောက် ရှိလာကာ ၎င်းအား ဓားဦးချွန်ဖြင့် ထောက်၍ ကားဆွဲ၍ ရသည့်ငွေများ အကုန်ပေးရန် ခြိမ်းခြောက်တောင်းသဖြင့် ငွေကျပ် ၉၈ဝဝဝ ကို ပေးလိုက်ရပြီး ဓားထောက်၍ ခြိမ်းခြောက်ငွေတောင်းသူအမျိုးသားမှာ သန်လျင်မြို့နယ်နေ စိုးကြီး(ခ)စိုးမင်းငြိမ်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ သန်လျင်မြို့နယ်နေ စိုးကြီး(ခ)စိုးမင်းငြိမ်း (၃၅)နှစ် အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင် သူများဖြစ်ကြသော သန်လျင်မြို့နယ် နေ အာကာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ကျန်ကျောင်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (ဝ၄ဝ)

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment