တချို့ခွဲစိတ်ပြု ပြင်ထားတဲ့ အနုပညာရှင်တွေ မပြင်ထားဘူးပြောတာ နဂိုရုပ်လေးက လှလိုက်တာဆိုပြီး အပြောခံချင်လို့ဖြစ်မယ်လို့သုံးသပ်လိုက်တဲ့ မေ


မျက်နှာခွဲစိတ်ပြုပြင်မှုတွေနဲ့ ပတ်သက်ပြီး နှာခေါင်းပြင်ထားတဲ့ မေက လှဖို့အတွက် ပြုပြင်တာဖြစ်လို့ ဒီ့ထက်ပိုလှမယ်ဆိုရင် ထပ်ပြီးပြုပြင်ချင်သေးကြောင်း ပြောပြလာသလို သူမရဲ့ လုပ်လက်စ သီချင်းခွေလေးနဲ့ပတ်သက်ပြီး ပြောပြခဲ့တာကတော့ "လက်ရှိမှာ ကားရိုက်ပိုင်းကို သိပ်မလုပ်ဖြစ်တော့ဘူးဆိုပြီး ညီမ ဂီတဖက်ကိုပဲ ဖိလုပ်နေတာပေါ့နော်။ အခွေက ဒီနှစ်မကုန်ခင်လေး ထွက်အောင် ညီမကြိုးစားနေပါတယ်။ ညီမနဲ့တွဲလုပ်တဲ့သူတွေ ကိုယ်တိုင်က SIR ကလူတွေ၊ သူတို့ကလဲ အရမ်း အလုပ်များတယ်။ ပြီးတော့ ကိုယ်နဲ့သူတို့နဲ့က သူငယ်ချင်းတွေဖြစ်နေတော့ အလုပ်တစ်ခုလိုကြီး လုပ်တာထက် ဘော်ဒါအကန့်လိုဖြစ်နေတော့ ကြန့်ကြာနေတာပေါ့နော်။ သီချင်းတွေက တော်တော်ပြီးနေပြီ။ အတီးပိုင်းက ၄ ပုဒ်လောက်ပဲ ကျန်တော့တယ်။ ညီမဆိုဖို့တွေပဲ ကျန်တာ။ တချို့အပုဒ်တွေလဲ ဆိုပြီးပြီ။ မကြိုက်လို့ ပြန်ဆိုပြန်ဆို အဲ့ဒါကြောင့်လဲ ကြာနေတာပါ။ "လို့ သူမက ပြောပြပါတယ်။
အနုပညာရှင်တော်တော်များများ မျက်နှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်လာကြတာနဲ့ပတ်သက်ပြီးတော့လည်း သူမက "ကျွန်မကတော့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ညီမကို ယ်တိုင်လဲပြင်ထားတာကိုကြိုက်တယ်။ ညီမ ဘာရယ်ကြောင့်ပြောတာတော့ မဟုတ်ဘူး။ ညီမလဲနှာခေါင်းပြင်ထားတယ်။ မပြင်ခင်ကလဲ Miss People ရခဲ့တယ်။ ညီမလှလို့ ညီမရတာကွာ။ အရမ်းရုပ်ဆိုးနေရင် ညီမ ဒီဆုတွေရမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီဟာလေးပြင်လိုက်ရင် ပိုပြီးတော့ ကိုယ်လှသွားမယ်ပေါ့။ အဲ့ဒီတွက်ပြင်လိုက်တယ်။ ပြင်တဲ့ အချိန်မှာတော့ ညီမကြောက်တာပေါ့နော်။ ငါ့ရဲ့ နဂိုရုပ်လေးကသူ့ဟာနဲ့သူလှနေတာ ငါလုပ်လိုက်ရင်ပိုဆိုးသွားမလား မသိဘူးဆိုပြီး စိတ်ပူတယ်။ ဒါပေမဲ့ ပြင်လိုက်တာက ပိုလှတဲ့ဖက်ကို ပိုရောက်တယ်။ ကိုယ်ပြင်ထားလို့ပြင်ထားတာကို မပြင်ထားဖူးလဲ မလိမ်ဘူး။ ညီမကတော့ မရှက်ဘူး။ ပြင်ထားလား။ ပြင်ထားတယ်ပဲ။ အဲ့ဒီတွက်ပြင်ချင်တဲ့သူ ရှိရင်လဲ တိုက်တွန်းတယ်။ ပြင်သင့်တယ်။ ဘာလို့လဲဆိုတော့ ယိုးဒယားမှာဆို အပြင်က လူတွေတောင်ပြင်ကြတယ်။ အပြင်က Cosmetics ရောင်းတဲ့ လူတွေတောင် ပြင်ထားကြတယ်။ မိန်းကလေး တစ်ယောက်အတွက်က အလှအပက အရမ်းအရေးကြီးတယ်။ ဒါတွေရဲ့ အကျိုးဆက်က နောက် အချိန်ကြာလာရင် ပိုကောင်းမယ်လို့ပဲ ညီမကတော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ခေတ်ကြီးက တိုးတက်လာပြီ။ ဒီလိုပြင်ထားလို့အသက် ၇၀ မှာ ဘယ်လိုဖြစ်မှာဆိုတဲ့ Side Effect က အဲ့ဒီလောက်ထိပြင်းမယ်လို့ မထင်ဘူး။ ပြင်ချင်တဲ့သူတွေဆိုလဲပြင်သင့်တယ်လို့ထင်မိတယ်။ ညီမတုန်းကဆို ပြင်ဖို့ကို တော်တော်လေး စဉ်းစားရတယ်။ ကိုယ့်ဟာကိုယ်ဆို ကျောင်းတုန်းက ဒီကောင်မလေးလှတယ်ဆိုပြီး အပြောခံရတယ်။ model ဖြစ်တဲ့အချိန်မှာလဲ popular ဖြစ်တယ်ကွာ။ အဲ့ဒါကြောင့် Miss ဆုတွေလဲ ရထားတယ်။ ဒါကို ဒီလိုပြောင်းလဲမှု တစ်ခုလုပ်လိုက်ရင် သရဲများဖြစ်သွားမလား။ ရုပ်ဆိုးသွားမလားဆိုပြီး စိတ်အရမ်းပူတယ်။ မြန်မာလူမျိုးတွေကပြောင်းလဲမှုကိုကြောက်ကြတယ်။ အဲ့ဒါကြောင့် ပြောင်းလဲရမှာ ကိုကြောက်တယ်ကွာ။ လုပ်လိုက်မှသိတာ။ မလုပ်ဖြစ်ရင် သိမှာမဟုတ်ဘူး"တဲ့။
ခုလို နှာခေါင်းပြင်ဖြစ်သွားတဲ့ အကြောင်းကို မေးတော့ "မြှောက်ပေးတာကတော့ မထက် ( pop soul ) လေ။ ပြင်လိုက်တော့ ရှင်ပြင်လိုက်တော့တဲ့။ ဘာလို့လဲဆိုတော့ သူကပြင်ထားတာ အရမ်းလှသွားတယ်လေ။ အဲ့ဒါနဲ့ပြင်လိုက်မယ်ဆိုပြီး ပြင်လိုက်တယ်။ ပြင်ပြီးတဲ့အချိန်မှာ ယောင်ကိုင်းနေတော့ သူ့ကို ဘန်ကောက်ကနေ ဖုန်းတွေဆက်ပြီး ငါရုပ်ဆိုးသွားပြီ။ ငါငိုချင်တယ်။ ဆိုပြီး သူ့ဆီဖုန်းတွေဆက်၊ ဘန်ကောက်မှာ ၁၀ ရက်လောက်ကြာတယ်။ တစ်လလောက်အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။ အခုဆို ဒီ့ထက်တိုးတက်နေပြီ။ သူများတွေပြင်ပြီးပြန်လာတယ်။ တစ်ပတ်လောက်ပဲ ။ တချို့က ရှိသေးတယ်။ သွားပြင်တယ်။ ကိုယ်တွေက သိတာပေါ့နော်။ ပြင်လာတာလားမေးရင်သူတို့ကမပြောဘူး။ ညီမကကျတော့ ပြောတယ်ကွာ။ ဘာဖြစ်လဲ ကိုရီးယားမှာ ညီမတို့ကြိုက်တဲ့ အနုပညာရှင်တော်တော်များများပြင်ထားတယ်လေ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပြင်ထားတဲ့ မင်းသမီးက ခုချိန်ထိနုနေတုန်းလှနေတုန်းလေ။ အဲ့ဒီတွက်ပြင်သင့်တယ်။ အဓိကကလှနေဖို့ပဲ။ ပြင်တာတွေ မပြင်တာတွေက နောက်မှ သူ့ရဲ့အလှကိုကြည့်ပြီး အရင်ခံစားမှာပဲ။ လူတိုင်းကတော့ ပြင်ထားပြီးပြီးချင် နည်းနည်းလေးတော့ ယောင်တယ်။ ညီမကပြင်ကတည်းက ဆရာဝန်ကိုပြောထားတယ်။ ညီမကမြန်မာနိုင်ငံမှာ မော်ဒယ်လ်လုပ်တယ်။ ရုပ်ရှင်ကားတွေလဲ ရိုက်တယ်။ ညီမကို ပရိသတ်က ဒီရုပ်နဲ့သိနေတယ်။ အဲ့ဒါကြောင့် ရုပ်အရမ်း မချိန်းချင်ဘူး။ တခါတည်း ဆရာဝန်ကိုပြောထားလိုက်တယ်။ ဒီရုပ်ကို ကိုယ့်ဟာကို လှတယ်လို့သတ်မှတ်ထားတဲ့အတွက် ဒီရုပ်ကို မပျောက်ချင်ဘူး။ ကိုယ်မပြောပဲ ဆရာဝန်ပြင်ပေးတာက ဒီ့ထက်လဲ လှချင်လှသွားနိုင်တယ်။ ဒါပေမဲ့ ရုပ်မပြောင်းချင်လို့မလုပ်ခင်ကတည်းကပြောလိုက်တာပါ။ ညီမ အသက်ကြီးလာတဲ့အခါ ဒီ့ထက်လှမယ်ဆိုရင် ညီမကတော့ ထပ်ပြင်ချင်မှာပဲ။ Side Effect တွေကတာ့ ဘာမှမပြောဘူး။ ခုချိန်ထိလဲ ဘာမှမဖြစ်ဘူး။ အနုပညာရှင်တော်တော်များများလဲ ပြင်ထားကြတယ်။ သူတို့ဆို ၁၀ ရက်လောက်ဖေ့ဘွတ်စ်မှာပျောက်သွားတယ်ကွာ။ ပြီးရင်ပြင်ထားတယ် ။ ဘာမှတောင် မသိသာဘူး။ နည်းပညာပိုင်းတွေ တိုးတက်လာလို့ထင်တယ်။ ဒါပေမဲ့ သူတို့ကို သွားမေးကြည့် ပြင်လာတယ်လို့မပြောကြဘူး။ ညီမထင်တာကတော့ နဂိုရုပ်ကလေးက လှတယ်ဆိုပြီးအပြောခံချင်လို့နေမှာပေါ့။ ဥပမာ ညီမဆိုပြင်ထားတယ်ဆို သြော်ပြင်ထားတာပါဆိုပြီး တစ်မျိုးဖြစ်ချင်ဖြစ်မယ်။ မပြင်ထားဘူးလို့ပြောမှ နဂိုရုပ်ကလေးဆိုပြီး လူတိုင်းကချောတယ်လို့အပြောခံချင်လို့နေမှာပေါ့"လို့ သူမက ပြည့်ပြည့်စုံစုံ ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment