မြန်မာနိုင်ငံမှာသာ သူ့အတွက် အနုပညာအလုပ်တွေ အဆက်မပြတ် ရှိလာမယ်ဆိုရင် ဒီနိုင်ငံမှာပဲ အခြေချဖို့ရှိတဲ့ ကရဗီ


ထိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိခဲ့ပေမဲ့ Media 7 ရဲ့ တောင်းဆိုမှုနဲ့အတူ ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားမှ စတင်ကာ မြန်မာပရိသတ်တွေနဲ့ အကျွမ်းတ၀င် ရင်းနှီးမှုရှိခဲ့တဲ့ ကရဗီနဲ့တွေ့ဆုံခိုက်
-67 Plaza ဆိုတဲ့ ဇာတ်ကားလေးမှာ သရုပ်ဆောင်ဖို့အတွက် စတင်လက်ခံဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ဒီကားလေးကို လက်ခံဖြစ်တာက ပထမက ဘယ်သူ့ကို အချစ်ဆုံးလဲ ဆိုတဲ့ ကားမှာ ကတည်းက မြန်မာနဲ့ တွဲရိုက်ဖူးတယ်။ သူတို့ဆီမှာ ရိုက်တော့ ထိုင်းစကားပြောရတယ်။ ကိုယ့်အတွက် ဘာမှ အခက်အခဲမရှိဘူး။ ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ မင်းသားသစ်ကလဲ ထိုင်းစကားပြောတတ်တဲ့အတွက် အခက်အခဲမရှိခဲ့ဘူး။ အခုဒီကားက မင်းသားက လွှမ်းပိုင်၊ ပြီးတော့ ပြောရတဲ့ စကားက ထိုင်းစကားဆိုတော့ ကိုယ့်အတွက် အခက်အခဲမရှိပေမဲ့ လွှမ်းပိုင်အတွက်ကတော့ အခက်အခဲရှိတယ်။ ကိုယ့်အတွက်က အဆင်ပြေတာနဲ့  လက်ခံဖြစ်ခဲ့တာပါ။
-ဒီကားထဲမှာ ပါဝင်ရတဲ့ ကာရိုက်တာလေးက။
Plaza တွေပိုင်တဲ့ သူဌေးသမီးနေရာကပါ။
-မြန်မာအနုပညာရှင်တွေရဲ့ အမ်တီဗီတွေမှာပါ သရုပ်ဆောင် တာလဲတွေ့နေရတယ်နော်။
မိုးယံဇွန် နဲ့တစ်ပုဒ်ရိုက်ထားတယ်။ X Box နဲ့က ၁၀ ရက်နေ့ ဒါမှမဟုတ် ၁၁ ရက်နေ့ ရိုက်ဖို့ရှိတယ်။ ထွန်းထွန်းနဲ့က လက်ခံထားတယ်။ ဒါပေမဲ့ ဘယ်နေ့ရိုက်မယ်ဆိုတာ မသေချာသေးဘူး။
-ထိုင်းမှာ ကရဗီ အဓိက လုပ်တာ က model လား။ သရုပ်ဆောင်လားလဲ သိချင်ပါတယ်။
အရင်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်တယ်။ ခုနောက်ပိုင်းတော့ ယိုးဒယားမှာကြော်ငြာရိုက်တာတွေ အရမ်းများလာတယ်။ စပေါ်ကာစက သရုပ်ဆောင်တာ များတယ်။ ခုနောက်ပိုင်း ကြော်ငြာရိုက်တာများတော့ မအားတာနဲ့ ကားသိပ် မရိုက်ဖြစ်တော့ဘူး။
-မြန်မာပရိသတ်တွေ သိသွားတဲ့ ကရဗီရဲ့ အနုပညာလှုပ်ရှားမှု တစ်ခုခုကို ပြောပါဆိုရင် ။
ဘယ်လိုအချစ်မျိုးလဲ ကားမှာ စသိတာပါ။
-အနုပညာသက်တမ်း။
အသက် ၂၁ တစ်လောက် စလုပ်တာပါ။ အနုပညာ သက်တမ်းက ၃နှစ်လောက်ပဲ ရှိပါသေးတယ်။
-ရိုက်ကူးရေးအပိုင်းနဲ့ပတ်သက်ပြီး ဟိုနိုင်ငံနဲ့ ဒီနိုင်ငံ ဘာတွေကွာခြားမှုရှိလဲ။
ဟိုမှာက ဘာပဲရိုက်ရိုက် အရမ်းစည်းကမ်းများတယ်။ လုပ်ရတာ စိတ်ဖိစီးမှုဖြစ်တယ်။ ဒီမှာက ကိုယ့်စိတ်ကြိုက်ပေးလုပ်တော့ လုပ်ရတာ ပိုအဆင်ပြေပါတယ်တဲ့။
-မင်းသားကလဲ အသစ်ဖြစ်တဲ့ အတွက် သူ့အနေနဲ့ ဘယ်လို အခက်အခဲတွေများတွေ့ရသေးလဲ။
မင်းသားလွှမ်းပိုင်နဲ့က သင်္ကြန်မှာ သိခဲ့ဖူးတယ်ပေါ့။ သူနဲ့ရိုက်ရမယ်ဆိုတော့ ကိုယ်သိခဲ့ဖူးတဲ့ သူနဲ့ရိုက်ရမှာဖြစ်တဲ့အတွက် အခက်အခဲ သိပ်မရှိဘူးပေါ့။ ဒီဇာတ်ကားရိုက်ရတာ ကိုယ့်အတွက် အခက်အခဲမရှိပေမဲ့ လွှမ်းပိုင်အနေနဲ့က ထိုင်းစကားပြောရတဲ့အတွက် အခက်အခဲရှိမယ်လို့မြင်မိပါတယ်။ မရိုက်ခင်နည်းနည်း လေးတော့ လွှမ်းပိုင်ကို သင်ပေးဖြစ်တယ်။
-Media 7 နဲ့ရော ဘယ်လို ဆက်လုပ်သွားမလဲ။
သူတို့နဲ့က စာချုပ်မဟုတ်ပေမဲ့ တစ်ခုခု ရိုက်ချင်တယ်ဆိုရင် သူတို့ကို အရင်ပြောရတယ်ပေါ့။
-မြန်မာနိုင်ငံမှာက ကရဗီအတွက် အနုပညာနဲ့ပတ်သက်တဲ့ လမ်းကြောင်းတစ်ခုက ပွင့်သွားပြီဆိုတော့ နောက်ပိုင်းမှာရော ဒီနိုင်ငံမှာ လာရောက်အခြေချဖို့အထိ ဆုံးဖြတ်ထားလား။
အရင်က ထိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ လုပ်တယ်။ အခု ၂၀၁၅ ထဲမှာက မြန်မာနိုင်ငံမှာ အလုပ်လုပ်တာ ပိုများတဲ့အတွက် နောက်ပိုင်းဒီမှာ လုပ်ဖို့ပိုများတယ်။ ကိုယ်တိုင်ကလည်း ဒီမှာ လုပ်ရတာပိုကြိုက်တယ်။  ဒီမှာ ကိုယ့်အတွက် အလုပ်အမြဲတမ်းလုပ်ဖြစ်မယ်ဆို အိမ်တွေကားတွေ ၀ယ်ပြီး ဒီမှာပဲ အခြေချဖြစ်ပါမယ်။ အပြီးနေတာမျိုးတော့ မဟုတ်ဘူး။ အချိန်ပေးပြီး ဒီမှာလာနေဖြစ်မယ်ပေါ့။
-ကရဗီရဲ့ မိသားစုအကြောင်းလေးကိုလဲ မိတ်ဆက်ပေးပါဦး။
အဖေရယ်၊ အမေရယ် ပြီးတော့ မောင်နှမ ၄ ယောက်ရှိပါတယ်။ ကရဗီက အငယ်ဆုံးပါ။ အနုပညာမျိုးရိုးလဲ မရှိပါဘူး။ ကျန်တဲ့သူတွေက သူ့စီးပွားရေးနဲ့သူရှိပါတယ်။
-အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်တာအပြင် အခြားဝါသနာပါတာက။
ဒါရိုက်တာ ပညာကိုလဲ စိတ်ဝင်စားတယ်။ ၀ါသနာပါတယ်။ လေ့လာနေတယ်။ အခုလောလောဆယ် အတွေ့အကြုံမရှိသေးတဲ့အတွက် ရိုက်ရင်းနဲ့ အတွေ့အကြုံ ယူနေပါတယ်။
-ဒီမှာ အနုပညာအလုပ်တွေ လာလုပ်တော့ တချို့က ဟိုမှာ ဘာမှမဟုတ်လို့ဒီမှာလာရိုက်တယ်လို့လဲဝေဖန်ကြတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုလေးများပြောပြချင်သလဲ။
ဟိုမှာက နာမည်မရှိတာတော့ မဟုတ်ပါဘူး။ တော်ရုံမင်းသမီးတစ်ယောက်ပေါ့။ ဒီမှာက ကိုယ့် ပရိသတ်ပိုများတာကိုး။ ဟိုမှာကတော်ရုံဆိုလဲ အားမပေးဘူးလေ။ အရမ်းနာမည်ကြီးမှ အားပေးတာလေ။ ဒီမှာက မြန်မာပရိသတ်တွေက ကိုယ့်ကိုအရမ်းအားပေးကြတယ်။ အဲ့ဒါကို အရမ်းပျော်တယ်။ အဲ့ဒါကြောင့် ဒီနိုင်ငံမှာစပြီး အလုပ်လုပ်ဖြစ်တာ ဒီက ပရိသတ်တွေကြောင့်ပါ။ ဘယ်လိုအချစ်မျိုးလဲ ကားတုန်းကလဲ သူတို့ဖက်က တခြားထိုင်းမင်းသမီးတွေ ငှားတယ်လေ။ ဘယ်သူမှ မရိုက်ကြဘူး။ မြန်မာမင်းသားလဲ မဟုတ်တဲ့ အတွက်ပေါ့။ ကိုယ့် စိတ်ထဲမှာကအဲ့ဒီလိုမရှိဘူး။ ဘယ်သူဘယ်ဝါရယ်မဟုတ်ဘူး။ ဘယ်သူနဲ့မဆို တွဲရိုက်ပေးတယ်။ အနုပညာအလုပ်ကို အကောင်းဆုံးနဲ့သရုပ်ဆောင်ပီပြင်ဖို့ကိုပဲဦးစားပေးထားတယ်။
-ထိုင်းမှာ ဘယ် Agency ကလဲဆိုတာလဲ သိချင်ပါတယ်။
Duck Studio ကပါ။
-မြန်မာနိုင်ငံက ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
အရမ်းချစ်ပါတယ်။ အားပေးပါလို့ပြောချင်ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment