‘သားလေးမျက်နှာကိုမြင်လိုက်တာနဲ့ အကုန်လုံးကိုမေ့သွားတယ်’ အကယ်ဒမီသက်မွန်မြင့်


ကိုစစ်နိုင်နဲ့အကယ်ဒမီသက်မွန်မြင့်တို့ရဲ့သားဦးလေးကို ဧပြီလ၁၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် သားလေးက (၂) လသားအရွယ်ရောက် ရှိနေပြီဖြစ်ပါ တယ်။ သားလေးကလည်း မျက်နှာချိုပြီး အခုဆိုရင် စကားလေးပြောပြီး အသံလေးတွေ ပေးတတ်နေပြီလို့ ပြောတဲ့ သက်မွန်မြင့်က ”သားလေးကိုတွေ့ရတာ ကြည်နူး ဖို့ကောင်း ပါတယ်။ အခုဆိုရင် ဘယ်လိုဖြစ်လာလဲဆိုတော့ သက်မွန်စိတ် အနှောင့်အယှက်ဖြစ်ရင်၊ စိတ်ညစ်စရာတွေရှိလာရင် သားလေး မျက်နှာကိုတွေ့လိုက်တာနဲ့ အ ကုန်လုံး ကို မေ့သွားတယ်။ သားလေးက အင်အားတစ်ခုပါပဲ။ သူ့ကိုမြင်လိုက်တာနဲ့ အရာအားလုံးကို မေ့သွားပြီး ပြည့်စုံသွားတယ်လို့ ခံစားရတယ်”လို့ သက်မွန်မြင့် က ပြော ပါတယ်။
”အခုကတော့ သားလေးမျက်နှာမြင်ရတော့ သူရှိနေတော့ နည်းနည်းတော်သေးတယ်။ ကိုယ်ဝန်ရှိတုန်းကဆိုရင် တအားအားငယ်ခဲ့တယ်။ အားငယ်တယ်ဆိုတာကလည်း ကိုယ်ကလူစုလူဝေးနဲ့ ကားရိုက်ကြတယ်။ ဟာသတွေပြောကြတယ်။ အလုပ်လုပ်ကြတယ်။ အဲဒီလိုကနေ ကိုယ်ဝန်ရှိလာတော့ အလုပ်နားလိုက်တော့ တစ်ယောက် တည်း ဖြစ်သွားတယ်။ အဲဒီတော့လူက အလုပ်ပဲလုပ်ချင်နေတယ်။ အခုတော့ သားလေးနဲ့နေနေရတော့ ပြန်ပြီးပျော်လာတယ်။ ဒါပေမဲ့ ဘယ်လိုပြန်ဖြစ်လဲဆိုတော့ သားလေးကိုလည်း ချစ်တယ်။ အလုပ်ကိုလည်း ပြန်လုပ်ချင်တယ်။ သားလေးကိုလည်း မခွဲချင်ဘူး။ အခုက တစ်နာရီ၊နှစ်နာရီလောက်ပဲ ခွဲနိုင်တယ်။ သုံး နာရီ၊ လေးနာ ရီဆိုရင် တစ်ရက်လုံးခွဲထားရသလိုပဲ တအားလွမ်းတဲ့စိတ်တွေ ဖြစ်တယ်။ သားသုံးလလောက်ရှိလာပြီဆိုရင်တော့ ဇာတ်ကားတွေပြန်ပြီးရိုက်လို့ရပြီ။ သက်မွန် ကတော့ သားရဲ့ကျန်းမာရေးကို အစစအရာရာ ကြည့်ရဦးမယ်။ နောက်ပြီး ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတာကို ကြည့်ရဦးမယ်။ ဖြည်းဖြည်းချင်းပဲ ရိုက်ရမှာပေါ့။ ကလေးက တအားငယ်သေးတော့ သားသားကိုပဲ အချိန်ပိုပေးဖြစ်ဦးမယ်။ အခုက မိခင်နို့ပဲတိုက်နေတော့ သားကိုပဲဦးစားပေးမယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။
Baby Mild  ဓာတ်ပုံကြော်ငြာရိုက်ဖို့လက်ခံထားရတာနဲ့ ပတ်သက်ပြီး အကယ်ဒမီသက်မွန်မြင့်က ”သားသားအတွက်လည်း ငယ်စဉ်မှာအမှတ်တရလေး ဖြစ်သွားအောင်နဲ့ သားသားလည်း သိပ်မပင်ပန်းဘူးဆိုတာကြောင့်  Baby Mild  ဓာတ်ပုံကြော်ငြာရိုက်ဖို့လက်ခံထားတာပါ။ သားသားက သက်မွန်တို့နှစ်ယောက်စလုံးနဲ့တူပါတယ်။ မေးစေ့ ချွန်တာ၊ မျက်လုံးဝိုင်းတာကသက်မွန်နဲ့တူတယ်။ သူ့ အဖေကလည်း ပျော်တတ်တော့ သားကမျက်နှာလေးချိုပြီး ပြုံးတော့ သူ့အဖေနဲ့ တူပါတယ်။ သားသားကို နာမည်ပေးဖို့တော့ စဉ်းစားထားတာရှိတယ်။ သားရက်တစ်ရာပြည့်မှာ သားမွေးနေ့နဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးလုပ်ဖို့တော့ စိတ်ကူးထားပါတယ်”လို့ ပြောပါတယ်။
သားသားရဲ့ကျန်းမာရေးကို ဦးစားပေးဖြစ်ပြီး မိခင်နို့ကို ကိုယ်တိုင်ပင်တိုက်ကျွေးနေတာကြောင့် အလှအပကို တအားကြီး မထိန်းသိမ်းဖြစ်သေးကြောင်း သက်မွန်မြင့် က ပြောပါတယ်။ကိုစစ်နိုင်နဲ့ သက်မွန်မြင့်တို့က ၂ဝ၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ စုလျားရစ်ပတ်အခမ်း အနားပြု လုပ်ခဲ့ပြီး ဖေဖော် ဝါရီ ၁၃ ရက်နေ့မှာတော့ မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာဆွမ်း ကျွေးခဲ့ကာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်မှာ မင်္ဂလာညစာစား ပွဲပြု လုပ်ခဲ့ကြ ပါ တယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment