စိုင်းလွှမ်း နဲ့ အကယ်ဒမီ ထက်ထက်မိုးဦး တို့က မင်္ဂလာဦး လက်စွပ်ကို ကျောက်စိမ်းစေတီ မှာ ဌာပနာ အဖြစ် လှူဒါန်း


အဆိုတော် သရုပ်ဆောင် စိုင်းလွှမ်း နဲ့အကယ်ဒမီ ထက်ထက်မိုးဦး တို့ဇနီးမောင်နှံ က မင်္ဂလာ ဦး လက်ထပ် လက်စွပ် နဲ့ တခြားရတနာ ပစ္စည်းတွေ ကို မန္တလေးမြို့မှာ တည် ထားကိုး ကွယ်တဲ့ ကျောက်စိမ်း စေတီတော်မြတ်ကြီးရဲ့ ဌာပနာတိုက်ထဲ မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား များကို ရည်စူးပြီးတော့ လှူဒါန်း ပူဇော်ခဲ့ပါတယ်။ အဲဒီလို လှူဒါန်းမှု နဲ့ ပတ်သက်ပြီး အဆိုတော် သရုပ်ဆောင် စိုင်းလွှမ်းက “ကျွန်တော်တို့ အခုလှူဒါန်းတဲ့ အလှူက တစ်ကမ္ဘာလုံးမှာ တစ်ဆူတည်း ရှိတဲ့ ကျောက်စိမ်း စေတီတော် မှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် ရဲ့မင်္ဂလာဦး လက်ထပ် လက်စွပ်ရယ် ၊နောက် တခြား တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေကို ဒီကျောက်စိမ်း စေတီတော်ကြီးမှာ ဌာပနာ ပြီး လှူဒါန်းတဲ့ အလှူပါ။ ထီးတော်ကြီးကိုလည်း ကိုယ်တိုင် တင်ခဲ့ရတယ်။ ဒါမျိုးက တွေ့ကြုံရဖို့၊ ဖြစ်မြောက်ဖို့က ခဲယဉ်းတယ်လေ ။ကျောက်စိမ်းတွေ ဆိုတာကလည်း တကယ် တန်ဖိုးရှိတဲ့အရာ။ သိန်းပေါင်းသောင်းချီ တန်တဲ့ ကျောက်စိမ်းတွေ အကုန်လုံးကို စိတ်ပြတ်ပြတ် နဲ့လှူဒါန်းထားတဲ့ အလှူ့ ဒါယကာ ကလည်း ကျွန်တော် တို့ မြန် မာနိုင်ငံ မှာရှိဦးမှ။ပြီးတော့ လှူတဲ့အချိန် နဲ့လည်း တိုက်ဆိုင်ဦးမှ။ လှူတဲ့အချိန် ကြုံပြန်တော့လည်းအခုလိုကိုယ်တိုင် တက်ရောက် လှူဒါန်း ခွင့်ရနေဦးမှလေ။ အခုတော့ ဒါတွေ အားလုံးကို လုပ်လို့ရတဲ့အချိန်နဲ့ ကျွန်တော်တို့ လင်မယား နှစ်ယောက် ကြုံတွေ့ နေရတော့ တအား ကံကောင်းတယ် လို့ယူဆပြီး အခုလိုလှူ ဒါန်းဖြစ်လိုက် တာပါ။ ကျောက်စိမ်း လှူတဲ့ အလှူ့ဒါယကာကလည်းကျွန်တော်တို့နဲ့ မောင်နှမတွေ လိုခင်မင်ရ တဲ့သူပါ။ သူ့အတွက်လည်း တအားဂုဏ်ယူမိပါတယ်။ဒါကဗုဒ္ဓဘာသာမှာ တအား မွန် မြတ်လှတဲ့ အလှူပါ”လို့ ပြောပါတယ်။
စိုင်းလွှမ်း နဲ့ ထက်ထက်မိုးဦး တို့က ဒီကျောက်စိမ်း စေတီတော်ကြီး ရဲ့ ထီးတော်တင်ပွဲ ကို သွားရင်း မန္တလေးက ပရိသတ်တွေ နဲ့အတူ ကမ္ဘာ့ဖလား ဝင်ပြိုင်နေကြ တဲ့ မြန်မာ U-20 ဘောလုံး အသင်းကိုလည်း မန္တလေး ကျုံးလမ်းမဘေးမှာ တစ်ခဲနက် အားပါးတရအားပေးခဲ့ပါ သေးတယ်။
“ကျွန်တော်ရယ်၊ မထက်ရယ်၊ ကျွန်တော့် သူငယ်ချင်း ကိုစစ်သွေးတို့ ကျုံးဘေးကို သွားရင်း အဲဒီမှာ မန္တလေးက ပရိသတ်တွေ မြန်မာ ယူ-၂ဝ အသင်း ကို အားပေးနေ ကြ တာတွေ့ရလို့ ကျွန်တော်တို့လည်း လွတ်လွတ်လပ်လပ် သူတို့ နဲ့အတူ ကိုယ့်မြန်မာ အသင်းကို အားပေးကြရအောင် ဆိုပြီး ကားပေါ် ကနေ ဆင်းပြီး ကျွန်တော် ကိုယ် တိုင် မြန်မာနိုင်ငံ အလံကိုင်ပြီး အားပေးခဲ့တယ်။ မထက်ဆို လက်ခုပ်တွေ တီးပြီး အားပေးနေကြတာ။ ပရိသတ်တွေ ကလည်း ကျွန်တော် တို့ကို ကြည့်ပြီး ပျော်နေ ကြတယ်။ ဓာတ်ပုံတွေ လည်း ရိုက်ကြတယ်။ မြန်မာ ယူ- ၂ဝ က တအား ကြိုးစားကြတဲ့ သူတွေပါ။ သူတို့ကို အုပ်စုအဆင့် ထိတော့ တက်စေ ချင်ခဲ့သေးတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ မြန်မာ နိုင်ငံ အတွက် ပထမခြေလှမ်းဖြစ်နေတော့ ဒီလောက်နဲ့ တင် ကျေနပ် လိုက်ရတယ်။ ဒီပွဲက အတွေ့အကြုံတွေကို သင်ခန်းစာယူ ပြီး နောက်နှစ် ၊ နောက်နှစ်တွေ မှာ လည်း ကမ္ဘာ့ဖလား ဝင်ကန်နိုင်ကြပါစေ။ ဖလားကြီး ကိုလည်း ရနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းမိပါ တယ်။ သူတို့က မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြ သွားနိုင် သူတွေမို့ တအား ဂုဏ်ယူမိပါတယ်။ အား ကစား သမားတွေကို အမြဲ အားပေးနေမှာပါ” လို့ ပြော ပါတယ်။
ဇင်မာနွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment